ကျောင်းပြီးတော့မှာကို ဖခင်ဖြစ်သူအားအသိမပေးခဲ့ဘဲ ဘွဲ့ယူပြီးမှ ဘွဲ့လက်မှတ်နှင့် ဘွဲ့ဝတ်စုံတို့ကို ဝတ်ပေးကာ ဖခင်အားအံ့အားသင့်စေသည့် သမီးငယ်လေး

ယခုအကြောင်းအရာလေးကတော့ ထိုင်းနိုင်ငံမှ ဘွဲ့ရခဲ့သည့်သမီးလေးနှင့် ဖခင်ဖြစ်သူတို့၏ ပျော်ရွင်ဖွယ်ရာ အဖြစ်အပျက်ကလေးပင်ဖြစ်ပါတယ်။ဖခင်ဖြစ်သူဟာ အလုပ်များကိုသာ နေ့မနားညမအားအလုပ်လုပ်နေခဲ့ပြီး သမီးဖြစ်သူ ဘယ်နှတန်းရောက်နေလဲဆိုတာကိုပင် မသိခဲ့ဘူးဟုဆိုပါတယ်။

သမီးလေး အဆင်ပြေစွာဖြင့် ကျောင်းတက်နိုင်စေရန်အတွက် အလုပ်ကြိုးစားပြီးထောက်ပံ့ပေးခဲ့ပါတယ်။ထို့ကြောင့်သမီးဖြစ်သူက ကျောင်းပြီးတော့မည့်အချိန်ထိ ဖခင်ကိုအသိမပေးခဲ့ဘဲ ဘွဲ့ယူပြီးချိန်မှ ဖခင်အား ကြွားဝါခဲ့ပါတယ်။

ဘွဲ့ယူပြီးသည်နှင့် နေအိမ်သို့အပြေးပြန်လာခဲ့ပြီး သူမရရှိထားသည့် ဘွဲ့လက်မှတ်လေးနှင့် ဘွဲ့ဝတ်စုံကိုဖခင်ဖြစ်သူအား ဝတ်ပေးကာ အံ့အားသင့်ပျော်ရွင်စေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment