မိန်းမလိုချင်နေပြီဖြစ်သော်လည်း ရည်းစားမရသေးတာကြောင့် လမ်းဘေးတွင် လက်ကမ်းစာစောင်ဝေပြီး ရည်းစားအဖြစ်လျှောက်ထားရန် ကြော်ငြာခဲ့သည့်အမျိုးသား

မိမိတို့နိုင်ငံမှာလည်း ရည်းစားမရှိသေးတာကြောင့် အားငယ်ပြီး စိတ်ဓာတ်ကျနေသူတွေရှိနေပါတယ်။ထို့ကြောင့် ရည်းစားလိုချင်သော်လည်း ရည်းစားမရသေးသည်များအတွက် နည်းလမ်းကောင်းတစ်ခုတော့ရရှိလာမှာသေချာပါတယ်။

မလေးရှားနိုင်ငံမှ အသက်၂၆နှစ်အရွယ် Ariff Peter ဆိုသူသည့် အိမ်ထောင်ပြုရန်ဆန္ဒရှိနေသော်လည်း ရည်းစားမရှိသေးပေ။ထို့ကြောင့်လည်း လမ်းဘေးတွင် လက်ကမ်းစာစောင်တွေ ပေးဝေပြီး ရည်းစားလိုချင်ကြောင်းကို ကြေညာခဲ့ပါတယ်။

ထို့အပြင် ကောင်မလေးတွေနှင့်မိတ်ဆက်ပေးသူများကိုလည်း အဆင်ပြေပြီး လက်ထပ်ဖြစ်ခဲ့လျှင် ဒေါ်လာ၂၀၀၀ပေးမည်ဟု ဆိုခဲ့သေးတာဖြစ်ပါတယ်။သူ၏အနာဂတ်ဇနီးလောင်းလေးဟာ ထမင်းဟင်းချက်တတ်ရမည့်အပြင် အိမ်မှုကိစ္စတွေကို နိုင်နင်းအောင် လုပ်ဆောင်နိုင်ရမည်ဖြစ်ပြီး လိုအပ်ချက်နှင့်ကိုက်ညီပါက ဆက်သွယ်ပေးရန် ကြေညာခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment