ကလေးမွေးထားလို့ ဆယ်ရက်ကြာအောင် ရေမချိုးရသည့်ဇနီးသည်က ခေါင်းလျှော်ချင်သည်ဟု ပူဆာနေတာကြောင့် ဆံပင်ကို ပလပ်စတစ်အိတ်ဖြင့်စွပ်ပြီး စိတ်ကျေနပ်သွားအောင် ခေါင်းလျှော်ပေးခဲ့သည်ခင်ပွန်း

မိခင်ဖြစ်သူတို့သည် သားသမီးလေးတွေကို အသက်နှင့်ရင်းပြီး မွေးဖွားကြရတာဖြစ်ပါတယ်။မွေးဖွားလာခြင်းမရှိမည်အချိန်ထဲက ဗိုက်ထဲက ကလေးလေးအဆင်ပြေစေရန် အပူအစပ်တို့ကိုရှောင်ပြီး စားချင်တာမစားဘဲ နေခဲ့ရသည်။

မွေးဖွားပြီးစအချိန်တွင်လည်း မီးတွင်းထဲက မထွက်ရဘဲ ရေမချိုးခေါင်းမလျှော်ရသည့်အခါ ဦးခေါင်းတွေယားယံပြီးနေထိုင်ရခက်ခဲလွန်းလှတာဖြစ်ပါတယ်။ဗီယက်နမ်မှမိခင်တစ်ဦးသည်လည်း ကလေးမွေးထားသည်မှာဆယ်ရက်ကျော်လာပြီဖြစ်သော်လည်း ရေချိုးခွင့်မရသေးတာကြောင့် ဦးခေါင်းက ယားယံပြီး မနေနိုင်အောင်ဖြစ်လာခဲ့ပါတယ်။

ထို့ကြောင့်ခေါင်းလျှော်ချင်သည်ဟု ဇွတ်အတင်းပူဆာနေတာကြောင့် စိတ်ကျေနပ်သွားစေရန် ခင်ပွန်းဖြစ်သူက ဆံပင်ကို ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးထားပြီး ခေါင်းလျှော်ပေးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment