ကျန်းမာရေးဆိုးရွားလာတာကြောင့် သတိလစ်မေ့မြောနေသော ဇနီးဖြစ်သူကို ဆုံးရှုံးရမှာကြောက်လို့ ဇွတ်အတင်းအော်ခေါ်ရင်း အနမ်းပေးနေရှာသည့် အသက်၈၉နှစ်အရွယ် အဖိုးအို

ဇနီးမောင်နှံတို့ဆိုသည်မှာ ဘဝတစ်ခုလုံးကို အတူတူဖြတ်သန်းလာခဲ့ကြပြီး ဘဝ၏အခက်အခဲဆုံးသော အချိန်တွေမှာ တစ်ဦးနှင့်တစ်ဦးစစ်မှန်သော ချစ်ခြင်းတရားတို့ဖြင့် အနားမှာ ရှိပေရင်းဖြတ်သန်းလာခဲ့ကြတာဖြစ်ပါတယ်။

ထို့ကြောင့် အသက်အရွယ်အိုမင်းပြီး အဖိုးအဖွားအရွယ်ရောက်လာချိန်တွင် ခိုင်မာလှသော သံယောဇဥ်ဖြင့် တစ်ဦးကိုတစ်ဦး စိတ်ပူပေးနေတတ်ကြပါတယ်။ယခုတွင်လည်း အဖိုးအိုသည် အသက်အရွယ်ကြောင့်ခံစားလာရသော ရောဂါဝေဒနါကြောင့် သတိလစ်မေ့မြောနေသည့် ဇနီးသည်ကို ဆုံးရှုံးလိုက်ရမှာ ကြောက်ရွံ့နေခဲ့သည်။

ထို့ကြောင့် ဇနီးသည်လေးကို အနမ်းပေးရင်း နှိုးထလာအောင် အော်ခေါ်နေခဲ့တယ်ဟု သိရပါတယ်။အဖိုး၏စိတ်ထဲတွင် ဆုံးရှုံးရမှာကြောက်နေသည့်အတွက် မည်မျှခံစားနေရမလဲဆိုတာ လူတိုင်းနားလည်ပေလိမ့်မည်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment