မင်္ဂလာဆောင်မည့်နေ့တွင် ယောက္ခမဖြစ်သူအား ရှိခိုးကန်တော့ပြီး သတိုးသမီးအတွက်စိတ်မပူရန်နှင့် တစ်သက်လုံး ပြုစုလုပ်ကျွေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည့် ကမ္ဘာ့အရှားပါးဆုံးသော ရွှေသားမက်လေး

တရုတ်နိုင်ငံ၏ဓလေ့ထုံးတမ်းများအရဆိုလျှင် မင်္ဂလာဆောင်တော့မည်ဆိုပါက သတိုးသားဖြစ်သူသည် သတိုးသမီး၏နေအိမ်သို့ သွားရောက်တောင်းရမ်းရတာဖြစ်ပါတယ်။ထို့နောက်သတိုးသမီးဘက်က သဘောတူလက်ခံသည့်အချိန်မှ သတိုးသားကနေ မင်္ဂလာပွဲကို ပြန်လည်စီစဥ်ရပါတယ်။

မင်္ဂလာဆောင်မည့်နေ့မှ သတိုးသမီးကိုသွားကြိုပြီး မင်္ဂလာပွဲကို ခမ်းနားစွာကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

ယခုတွင်လည်း သတိုးသားလေးသည် သတိုးသမီးကိုခေါ်ဆောင်ပြီး မင်္ဂလာပွဲသို့မသွားမည် ဝမ်းနည်းနေသော ယောက္ခမဖြစ်သူကို ရှိခိုးကန်တော့ပြီး သမီးဖြစ်သူအတွက်စိတ်ပူနေစရာမလိုဘဲ ဘဝတစ်ခုလုံးအတွက် ပေးဆပ်ကာစောင့်ရှောက်မည်ဖြစ်ကြောင်း ကတိပေးပြောဆိုနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment