နိုင်ငံတိုင်းတွင် လူအများကလာရောက်လည်ပတ်ကြပြီး ကမ္ဘာကျော်အပန်းဖြေဥယျာဥ်ကြီးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ထို့အတူပင် ဗီယက်နမ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများကိုပင်ဆွဲဆောင်နိုင်သော ပြည့်သူရင်ပြင်နှင့်ပန်းခြံကြီးတွင် ဓာတ်ပုံအလှရိုက်ကူးရန်အတွက် ချစ်စရာခွေးလေးတွေကို ငှားရမ်းနိုင်တာဖြစ်ပါတယ်။
ယခုတွင်လည်း ဗီယက်နမ်အမျိုးသားဟာ ပန်းခြံဆီသို့ ချစ်သူကောင်မလေးကို ခေါ်သွားခဲ့ပြီး ခွေးလေးနှစ်ကောင်ကို ငှားရမ်းပေးခဲ့ပါတယ်။ထို့နောက်တွင် ခွေးလေးနှစ်ကောင်ကို သက်သေထားပြီး ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းကာ အံ့အားသင့်သွားအောင် ပြုလုပ်ခဲ့ပါတယ်။
ချစ်သူစုံတွဲနှစ်ဦး၏ ကြည်နူးဖွယ်ရာ လက်ထပ်ခွင့်တောင်းခံပုံလေးဟာ စုံတွဲတိုင်းအတွက် အလွန်အားကျဖွယ်ရာ ကောင်းလာခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ချစ်သူကောင်မလေးကို အံ့အားသင့်သွားစေရန်အတွက် ခွေးလေးနှစ်ကောင်ကို သက်သေအဖြစ်ငှားရမ်းပြီး ကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့သည့်အမျိုးသား
Shoon (Cele Daily)