ကျောင်းတက်ရင်းနှင့် အလုပ်လုပ်နေရသည့် သူငယ်ချင်းများကို စာဖတ်သူတို့အနေဖြင့်လည်း ကြုံတွေ့ဖူးကြမှာသေချာပါတယ်။မိသားစုအတွက် အလုပ်၏ဖိအားများအပြင် ဘဝရှေ့ရေးအတွက် ကျောင်းစာတစ်ဖက်ဖြင့် အသက်အရွယ်နှင့်မလိုက်အောင် ဖိအားဒဏ်များကိုခံနေကြရတာဖြစ်ပါတယ်။
ယခုတွင်လည်း အထက်တန်း ဒုတိယနှစ်ကျောင်းသားလေးသည် မိသားစု၌အဖိုးအဖွားတို့နှင့်အတူ မောင်နှမ၉ယောက်ဖြင့် အတူတူနေထိုင်လျက်ရှိပါတယ်။မိသားစု၏ဝင်ငွေအတွက် လူငယ်လေးဟာ အလုပ်တစ်ဖက်နှင့်ကျောင်းတက်ခဲ့ရပါတယ်။
များပြားလာသည့်မိသားစုဝင်များအတွက် စားဝတ်နေရေးလုံလောက်စေရန် လူငယ်လေးဟာ ကျောင်းမသွားနိုင်တော့ဘဲ နေ့စဥ်အလုပ်သွားနေခဲ့ရတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
အဖိုးအဖွားနှစ်ဦးအပြင် မောင်နှမ၉ယောက်ကိုပါ ပြုစုလုပ်ကျွေးနိုင်ရန်အတွက် ကျောင်းမသွားနိုင်ဘဲ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေရသည့် အထက်တန်းကျောင်းသားလေး
Shoon (Cele Daily)