ချစ်သူဘဝတုန်းက ကောင်မလေးကို ပေးခွင့်မရလိုက်သော ရွှေလက်စွပ်လေးကို သူများနဲ့လက်ထပ်သွားချိန်မှ သတိုးသမီးလေးကို လက်ဖွဲ့အနေဖြင့် လက်ဆောင်ပေးခဲ့သည့် လူငယ်လေး

ဘဝမှာ တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ်ချစ်နေရုံဖြင့် ပျော်ရွင်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။အရမ်းချစ်ကြသောစုံတွဲတွေရှိနေခဲ့ပေမယ့် အချို့သောအကြောင်းအရာကြောင့် လမ်းခွဲလိုက်ရသည့်အဖြစ်အပျက်မျိုးကိုလည်း မြင်တွေ့ဖူးကြပေလိမ့်မည်။

ယခုတွင်လည်း လူငယ်ကောင်လေးသည် သူ့ရည်းစားဟောင်းကောင်မလေး၏ မင်္ဂလာပွဲသို့ လာရောက်ပြီးဂုဏ်ပြုပေးခဲ့ပါတယ်။ထို့အပြင် ချစ်သူရည်းစားဘဝတုန်းက လက်ဆောင်ပေးရန်ရည်ရွယ်ထားပြီးမှ ပေးခွင့်မရလိုက်သော ရွှေလက်စွပ်လေးကို မင်္ဂလာလက်ဖွဲ့အနေဖြင့် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

လမ်းခွဲလိုက်ပြီဖြစ်ပေမယ့် ရည်းစားဟောင်းကောင်မလေး၏ ဘဝပျာ်ရွင်စေရေး အတွက် ကြင်နာနွေးထွေးမှုတွေမပျက်ဘဲ လက်စွပ်လေးကို လက်ဆောင်ပေးနိုင်သော လူငယ်လေး၏စိတ်ထားဟာ အလွန်လေးစားဖွယ်ကောင်းနေခဲ့ပေသည်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment