မုန့်ဝယ်စားရန်အတွက် နေ့စဥ်ရရှိနေသော မုန့်ဖိုးငွေလေးတွေကို ထမင်းကောင်းကောင်မစားရသည့် သူငယ်ချင်းကို ထောက်ပံ့ပေးနေခဲ့သည့် ၁၁နှစ်အရွယ်သားငယ်လေး

စာဖတ်သူတို့အနေဖြင့်လည်း အသက်ငယ်ရွယ်စဥ်အချိန်အခါက သူငယ်ချင်းတစ်ဦးတစ်ယောက်ကသာ မုန့်လေးကျွေးတာကို စားခဲ့လျှင် ဂုဏ်ယူမဆုံးနိုင်အောင် ပျော်ရွင်ဖူးကြပေလိမ့်မည်။ယခုတွင်လည်း Shanဆိုသည့်အသက်၁၁နှစ်အရွယ်က​လေးငယ်ဟာ မုန့်ဖိုးရရှိသည့် ပိုက်ဆံလေးတွေကို ကိုယ်တိုင်မသုံးစွဲဘဲ သူငယ်ချင်းတစ်ယောက်ကို လှူနေခဲ့တာဖြစ်ပါတယ်။

နေအိမ်၏အဆင်မပြေမှုကြောင့် စားဝတ်နေရေးခက်ခဲနေသည့် သူငယ်ချင်းကို နေ့စဥ်နေ့တိုင်းရရှိလာသည့် မုန့်ဖိုးငွေလေးကို ပေးနေခဲ့တာဖြစ်ပါတယ်။ထိုအကြောင်းကို အတန်းပိုင်းဆရာမမှတစ်ဆင့် မိခင်ဖြစ်သူက သိရှိလိုက်ရသောအခါ မယုံနိုင်အောင်ဖြစ်သွားခဲ့ပြီး ဝမ်းသာဝမ်းနည်းဖြစ်နေခဲ့ရပါတယ်။

သားလေးက သူတစ်ပါးကိုကူညီခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သော်လည်း တစ်နှစ်ပတ်လုံး ကိုယ်တိုင်မသုံးစွဲဘဲ နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment