မူးယစ်သောက်စားခြင်းသည် လူသားတို့အတွက် အကျိုးမပြုဘဲ ပျက်စီးမှုဆီကိုသာ ဦးတည်နေတတ်တာဖြစ်ပါတယ်။မူးယစ်သောက်စားခြင်းကြောင့် အမှားတွေကို ကျူးလွန်ပြီး မဖြစ်သင့်သည့်အမှားများကိုသာ ကြုံတွေ့ရတာဖြစ်ပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် ရွာထဲက ဆိုင်တစ်ဆိုင်သို့ သွားသောက်ခဲ့တာဖြစ်ပါတယ်။ထို့နောက် အမူးလွန်ပြီး အိမ်မပြန်နိုင်တော့ဘဲ ဆိုင်ထဲတွင် မှောက်နေခဲ့တော့တာဖြစ်ပါတယ်။
အမျိုးသား၏အဖြစ်ကို ဇနီးသည်က သတင်းကြားသိလိုက်ရချိန်မှာတော့ သွားကြိုခဲ့ရာမှ အိမ်ပြန်ခေါ်ရန် မဖြစ်နိုင်မှန်းသိလိုက်ရတာကြောင့် တွန်းလှည်းဖြင့်သာ ခေါ်ပြန်ရန်ကြိုးစားခဲ့ပါတယ်။ခင်ပွန်းသည်ကို တွန်းလှည်းပေါ်တင်ပြီး အိမ်ခေါ်ပြန်ရသည့်အဖြစ်လေးသည် လူအများအတွက် အလွန်သဘောကျရယ်မောစရာဖြစ်နေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
ဆိုင်မှာအမူးလွန်ပြီးမှောက်နေသော ခင်ပွန်းဖြစ်သူကို တွန်းလှည်းပေါ်တင်ပြီး အိမ်ကိုခေါ်ပြန်လာရသည့် ဇနီးသည်၏အဖြစ်
Shoon (Cele Daily)