အသက်၅နှစ်အရွယ်သာရှိသေးသော်လည်း လူကြီးတစ်ယောက်လို လယ်ယာစိုက်ပျိုးရေးနှင့် အိမ်မှုကိစ္စများအပြင် စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်တတ်နေပြီဖြစ်သည့် ကလေးငယ်လေး

မိဘနှစ်ပါး၏ မာန၊အတ္တနှင့် သစ္စာမရှိသောအကျိုးရလဒ်တို့ကြောင့် အရွယ်မရောက်သေးသော လူမမယ်ကလေးငယ်လေးများသည် ဘဝတစ်ခုလုံးကို စိတ်ထိခိုက်စွာဖြင့် ပေးဆပ်ရှင်သန်နေကြရတာဖြစ်ပါတယ်။

ယခုတွင်လည်း အသက်၅နှစ်အရွယ်ကလေးငယ်သည် မိခင်နှင့်အတူ လယ်ယာထွန်ယှက်စိုက်ပျိုးရေးတွေမှာ ကူလုပ်နိုင်နေပြီဖြစ်ပါတယ်။အိမ်ထောင်ဦးစီးပြုလုပ်ရမည့် စိုက်ပျိုးရေး မွေးမြူရေးတွေကို ကိုယ်ပိုင်ညဏ်ဖြင့် ကျွေးမွေးလုပ်ကိုင်နေခြင်းဖြစ်ပါတယ်။

နေအိမ်၏ပျက်စီးမှုတွေကိုလည်း ကိုယ်တိုင်ပြန်လည်ပြင်ဆင်နေတတ်ပြီး ချက်ရေးပြုတ်ရေးတွေမှာလည်း ကျွမ်းကျင်နေပြီဟုသိရပါတယ်။ကလေး၏မိဘနှစ်ပါးဟာ အိမ်ထောင်ရေးအဆင်မပြေဘဲ ကွာရှင်းလိုက်ရတာကြောင့် မိခင်နှင့်အတူ လူကြီးတစ်ယောက်လို ရှင်သန်ရင်းလုပ်ကိုင်နေရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment