ဆိုင်မှာသွားသောက်ရင်းမူးနေပြီး ညနေမိုးချုပ်အထိ အိမ်ပြန်မလာသည့်ဖခင်ဖြစ်သူကို သမီးငယ်လေးက လျှပ်စစ်စက်ဘီးဖြင့် လာကြိုပေးခဲ့ရသည့်အဖြစ်

သာမန်လူတန်းစားများအတွက် အမျိုးသားတို့သည် အိမ်မှုတာဝန်အတွက် အလုပ်တွေကိုလုပ်ကိုင်ပြီး ညနေမိုးချုပ်ချိန်တွင် အပြင်ထွက်ပြီး သောက်စားကာ ပင်ပန်းမှုဒဏ်တွေကို ဖြေဖျောက်တတ်ကြပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ဖခင်တစ်ဦးသည် အလုပ်ကအပြန်တွင် အပြင်ထွက်ပြီး ဆိုင်တစ်ဆိုင်တွင် သောက်စားခဲ့ပါတယ်။ထို့နောက်အနည်းငယ်မူးနေပြီး အိမ်ပြန်နောက်ကျနေသည့်အတွက် ဇနီးဖြစ်သူက အသက်၁၁နှစ်အရွယ်သမီးငယ်လေးနှင့် သွားကြိုခိုင်းခဲ့ပါတယ်။

ထို့ကြောင့် သမီးငယ်လေးကလည်း လျှပ်စစ်စက်ဘီးလေးဖြင့် ဆိုင်မှာမူးနေသည့် ဖခင်ဖြစ်သူကို စက်ဘီးပေါ်ခေါ်တင်ပြီး အိမ်ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကလိုက်ခေါ်ရတာကြောင့် အပြစ်ကိုသိနေခဲ့ပြီး လျှပ်စစ်စက်ဘီးနောက်မှ ပြုံးပြုံးကြီးဖြင့် လိုက်ပြန်သွားခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment