မိသားစုနှင့်အဝေးမှ အလုပ်လုပ်နေရပြီး ပြန်လာသည့်အချိန်တွင် နေအိမ်ကမိသားစုဝင်တွေအံ့အားသင့် ပျော်ရွင်သွားစေရန် တိတ်တိတ်လေးပြန်လာတတ်ကြတာဖြစ်ပါတယ်။သို့သော်လည်း ဗီယက်နမ်နိုင်ငံမှ လူငယ်လေးတစ်ဦး၏ လုပ်ပုံကတော့ အတော်လေးအန္တရာယ်များလှတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံသို့ ၅နှစ်ကြာအောင် အလုပ်သွားလုပ်ခဲ့ပြီး နေအိမ်ပြန်လာချိန်တွင် မိသားစုဝင်တွေကို အံ့အားသင့်စေရန်အတွက် အိမ်ကဖွင့်ထားသော ကုန်စုံဆိုင်၏ ပိုက်ဆံသေတ္တာကို ဝင်ခိုးခဲ့တာဖြစ်ပါတယ်။
ထို့နောက် မိသားစုဝင်များကလည်း သူခိုးထင်ပြီး လိုက်ဖမ်းသည့်အချိန်မှ သားလေးက နိုင်ငံခြားကပြန်လာမှန်းသိရတော့တာဖြစ်ပါတယ်။အမှန်တကယ်သူခိုးထင်ပြီး ရိုက်နှက်မိခဲ့လျှင်တော့ လူငယ်လေးအတွက် မတွေးရဲစရာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
နိုင်ငံခြားတွင်အလုပ်သွားလုပ်ပြီး ၅နှစ်အကြာတွင် အိမ်ပြန်လာသောအခါ သူခိုးဟန်ဆောင်ပြီးအိမ်ကမုန့်ဆိုင်၏ ပိုက်ဆံသေတ္တာကို ဝင်ခိုးပြီး အံ့သြသွားအောင်လုပ်ခဲ့သည့် သားလိမ္မာလေး
Shoon (Cele Daily)