သားနှင့်ချွေးမတို့က သေဆုံးသွားခဲ့တာကြောင့် မြေးမလေးကို ပြုစုရစောင့်ရှောက်ခဲ့ရပြီး အရွယ်ရောက်လို့မင်္ဂလာဆောင်ချိန်မှာတော့ ရွှေတစ်ဆင်ဆာနှင့် ဆိုင်ကယ်တစ်စီးကို လက်ဖွဲ့ပေးခဲ့သည့်အဖွားအို

သားသမီးတို့သည် မိဘတို့၏နွေးထွေးသော ရင်ခွင်ထဲမှာ ကြီးပြင်းလာခဲ့ပါက ဘဝ၏ပျော်ရွင်သရာအချိန်တွေကို ပိုင်ဆိုင်ခဲ့ရမှာဖြစ်ပါတယ်။သို့သော် အချို့သော ကလေးငယ်တို့သည် ကံကြမ္မာ၏မျက်နှာသာမပေးမှုကြောင့် မိဘတို့နှင့်နေခွင့်မရဘဲ အဖိုးအဖွားတို့ကို အားကိုးနေထိုင်ရတတ်ပါတယ်။

ယခုအခါတွင်လည်း မိဘနှစ်ပါးလုံးက ဆုံးပါးသွားခဲ့သဖြင့် ကောင်မလေးသည် အဖွားဖြစ်သူ၏ပြုစုစောင့်ရှောင်မှုဖြင့် ကြီးပြင်းလာခဲ့ပါတယ်။

ထို့နောက်အရွယ်ရောက်လာခဲ့ပြီး လက်ထပ်ခဲ့သောအခါတွင်လည်း မြေးမလေးမျက်နှာမငယ်စေရန်အတွက် အဖွားဖြစ်သူက ဘဝတစ်ခုလုံးစုဆောင်းလာခဲ့သော ငွေကြေးလေးဖြင့် ရွှေတစ်ဆင်ဆာနှင့် ဆိုင်ကယ်တစ်စီးကို ဝယ်ယူပြီး လက်ဖွဲ့ခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment