မိဘနှင့်အတူမနေရသော ကလေးငယ်တစ်ယောက်သည် နွေးထွေးကြင်နာလှသော မေတ္တာတွေကို ငတ်မွတ်နေကြရပြီး မေမေနှင့်ဖေဖေကို နေ့စဥ်လွမ်းဆွတ်နေတတ်ကြပါတယ်။ယခုတွင်လည်း ထိုင်းနိုင်ငံ Samrongခရိုင်မှ မူလတန်းကျောင်းသည်လေးတစ်ဦးသည် ညအချိန်မတော် ဘန်ကောက်သို့သွားမည့် အဝေးပြေး လမ်းမပေါ်တွင် စက်ဘီးလေးတစ်စီးဖြင့်ရှိနေတာကို အမျိုးသမီးတစ်ဦးက သတိထားမိတာကြောင့် မေးကြည့်ခဲ့တာဖြစ်ပါတယ်။
ထိုအခါမှ သားငယ်လေးဟာ ဘန်ကောက်မြို့ပေါ်တွင် အလုပ်လုပ်နေသည့်မိခင်နှင့်တွေ့ချင်တာကြောင့် ကျောင်းဆင်းတာနှင့် စက်ဘီးလေးနင်းပြီး ထွက်လာခဲ့ကြောင်းသိလိုက်ရပါတယ်။
ထိုအခါ အမျိုးသမီးကလည်း ကလေးငယ်တစ်ခုခုဖြစ်မှာစိုးရိမ်သည့်အတွက် တာဝန်ရှိလူကြီးများအကြောင်းကြားပြီး ကလေးကိုအပ်နှံပေးခဲ့သည်ဟုသိရပါတယ်။
Shoon (Cele Daily)
Zawgyi
မြို့တက်ပြီးအလုပ်သွားလုပ်နေသည့် မိခင်ကို တွေ့ချင်တာကြောင့် ကျောင်းဆင်းတာနဲ့ အိမ်မပြန်တော့ဘဲ စက်ဘီးလေးနင်းပြီး မြို့ပေါ်သွား၍ အမေနှင့်သွားတွေ့ဖို့ကြိုးစားခဲ့သည့် သားငယ်လေး
Shoon (Cele Daily)