ကျောင်းပိတ်ရက်တွေမှာ ဆော့ကစားခြင်းမရှိဘဲ မိခင်ကိုအိမ်အလုပ်တွေကူလုပ်ပေးရာမှ မုန့်မျိုးစုံကို ကျွမ်းကျင်စွာပြုလုပ်တတ်နေပြီဖြစ်တဲ့ အသက်၉နှစ်အရွယ်သမီးငယ်လေး

လူသားတို့သည် အသက်ငယ်ရွယ်စဥ်အချိန်တွင် ဆော့ကစားရန်သာတွေးတောတတ်ကြပြီး အသက်ကြီးလာသည့်အချိန်မှသာ လောကတွင်လုပ်ဆောင်ရမည့် အမူအကျင့်တွေကို နားလည်သဘောပေါက်လာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ Zhejiangပြည်နယ် Hangzhouတွင်နေထိုင်သော အသက်၉နှစ်အရွယ်ကလေးကတော့ ဆော့ကစားရန်စိတ်ကူးလုံးဝမရှိတာဖြစ်ပါတယ်။ကျောင်းပိတ်ရက်များနှင့်အားလပ်ချိန်များတွင် ဆော့ကစားခြင်းမရှိဘဲ မိခင်နှင့်အတူ မီးဖိုချောင်ထဲတွင် ချက်ပြုတ်ရေးတွေမှာ လုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။

ထို့ကြောင့်လည်း ဂျုံတွေကို ကိုယ်တိုင်နှယ်ပြီး မုန့်မျိုးစုံကို လှပသေသပ်စွာဖြင့် လုပ်ကိုင်တတ်နေပြီဖြစ်ပါတယ်။ကောင်မလေးဟာ ပေါင်မုန့်၊မုန့်ပေါင်း၊ပန်ကိတ်နှင့်ဘာဂါ၊ လမုန့်ကိတ်တွေကို ကျွမ်းကျင်စွာဖြင့် လုပ်ကိုင်တတ်နေပြီလည်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment