အသက်၈၈နှစ်အရွယ်အဖွားအိုက ၉၄နှစ်အရွယ်ခင်ပွန်းဖြစ်သူကို ဆံပင်ညှပ်ပေးရန်အတွက် ဆိုင်သို့ခေါ်လာရာတွင် ကလေးတစ်ယောက်ကိုခေါ်လာသကဲ့သို့ လက်ဆွဲပီးခေါ်လာခဲ့သည့် ကြည်နူးဖွယ်ရာမြင်ကွင်းလေး

လူတိုင်း၏ရင်ထဲတွင်ရှိသော အိမ်မက်တစ်ခုသည် အသက်ကြီးလာသည့်အချိန်တွင် ဖေးမကူညီပေးမည့် ဘဝလက်တွဲဖော်လေးနှင့် သာယာကြည်နူးဖွယ်ဘဝလေးကို ပိုင်ဆိုင်ချင်ကြပါတယ်။

ယခုတွင်လည်း အသက်၈၈နှစ်အရွယ်ရှိနေပြီဖြစ်သော အဖွားအိုသည် သူ၏အသက်၉၄နှစ်အရွယ်ခင်ပွန်းဖြစ်သူကို ဆံပင်ညှပ်ဆိုင်သို့ခေါ်လာခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကို ဆံပင်ညှပ်ပေးရန်အတွက် ခေါ်ဆောင်လာပုံသည် လက်ကိုဆွဲပြီး ရှေ့မှဦးဆောင်ခေါ်လာသည့်အတွက် ကလေးတစ်ယောက်ကို ဆံပင်ညှပ်ဆိုင်သို့ ခေါ်ဆောင်လာပုံနှင့် ဆင်တူနေခဲ့ပါတယ်။

ထို့နောက် ဆံပင်ညှပ်ထိုင်ခုံပေါ်အထိရောက်အောင် ဂရုစိုက်ပေးနေသော အဖွားအို၏ပုံစံကြောင့် လူတိုင်းအတွက် အားကျကြည်နူးစရာဖြစ်နေမှာသေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment