ချစ်သူကောင်လေးက ကင်ဆာရောဂါအဆင့်၄အထိခံစားနေရပြီး အိပ်ရာထဲကမထနိုင်သော်လည်း မင်္ဂလာခန်းမကြီးထဲတွင် ပျော်ရွင်စွာဖြင့် လက်ထပ်ခဲ့သည့်ချစ်သူစုံတွဲ

မင်္ဂလာပွဲလေးသည် ချစ်သူစုံတွဲတိုင်း၏ အိမ်မက်တစ်ခုဖြစ်တာကြောင့် ဧည့်ပရိတ်သတ်များ၏အလယ်တွင် မမေ့နိုင်စရာအမှတ်တရများကိုဖန်တီးပြီး ပျော်ရွင်ချင်ကြပါတယ်။ယခုတွင်လည်း မလေးရှားနိုင်ငံမှ မင်္ဂလာပွဲလေးတစ်ခုကတော့ လူတိုင်း၏အာရုံစူးစိုက်မှုကိုရရှိခဲ့ပါတယ်။

အကြောင်းကတော့ သတိုးသားလေးဟာ အိပ်ရာထဲကမထနိုင်ဘဲ မင်္ဂလာခန်းမကြီး၏အလယ်တွင် လှဲလျောင်းလျက်ရှိနေခဲ့ခြင်းဖြစ်ပါတယ်။သတိုးသားလေ Allahu Akbari Hazmiဟာ ကင်ဆာရောဂါအဆင့်လေးကို ရောက်ရှိနေသူတစ်ဦးဖြစ်ပါတယ်။

သတိုးသားလေးမှာ အချိန်သိပ်မကျန်တော့သည့်အခါ သတိုးသမီးလေးနှင့် မင်္ဂလာဆောင်ရမည့်အချိန်လေးကို လက်လွတ်မခံဘဲ မိမိ၏ချစ်ရသူကို လက်ထပ်ခဲ့တာဖြစ်ပါတယ်။သတိုးသမီးလေးနှင့် သတိုးသားတို့ဟာ ဝမ်းနည်းစရာတွေကို မေ့ထားပြီး မင်္ဂလာပွဲလေးကို ပျော်ရွင်စွာကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ချစ်သူကောင်လေးက ကင်ဆာရောဂါအဆင့်၎အထိခံစားနေရပြီး အိပ်ရာထဲကမထနိုင်သော်လည်း မင်္ဂလာခန်းမကြီးထဲတွင် ပျော်ရွင်စွာဖြင့် လက်ထပ်ခဲ့သည့်ချစ်သူစုံတွဲ




Shoon (Cele Daily)

  • Leave a Comment