ကိုယ်တိုင်က မိုးရေထဲမှာအလုပ်လုပ်နေရသော်လည်း ကားစောင့်ရင်းမိုးမိနေသူကို ထီးလေးလာဆောင်းပေးခဲ့သည့် လေးစားဖွယ်ရာ လမ်းအလုပ်သမားအမျိုးသား

ရုတ်တရက်မိုးရွာချလာသည့်အခါမျိုးတွင် လူတို့အတွက် သွားလာရေးအဆင်မပြေဘဲ အခက်အခဲအမျိုးမျိုးကြုံတွေ့ရတတ်ပြီး ဖျားနာသည့်အဖြစ်မျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ယခုတွင်လည်း ကောင်မလေးတစ်ဦးဟာ ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေရင်း ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းလာသည့်အတွက် ဒုက္ခရောက်နေခဲ့ရခြင်းဖြစ်ပါတယ်။

ထိုအချိန်တွင် လမ်းမကို လိုအပ်တာပြင်ဆင်နေရသော အလုပ်သမားအမျိုးသားကြီးက မိုးရေထဲရပ်ပြီး ကားစောင့်နေရသည့် သူမကို ထီးလေးလာမိုးပေးထားရင်း ကူညီပေးခဲ့တာဖြစ်ပါတယ်။

မိုးရေထဲအလုပ်လုပ်နေရသော်လည်း အခြေခံအလုပ်သမားဖြစ်သော်လည်း သူတစ်ပါး၏ အခက်အခဲအတွက် ကြင်နာစွာဖြင့် ကူညီပေးခဲ့သော အလုပ်သမားအမျိုးသားကြီး၏လုပ်ရက်ဟာ အလွန်လေးစားဂုဏ်ယူဖွယ်ရာ ကောင်းလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment