အမေမဟုတ်ရင် ဘယ်လိုချော့ချော့ အငိုမတိတ်သည့် သားဖြစ်သူကို ဇနီးသည်၏အဝတ်အစားတွေဝတ်ပြီး ချော့သိပ်နေရသည့် ဖခင်၏အဖြစ်

ကလေးသူငယ်များကို ထိန်းသိမ်းရတာဟာ ဘယ်လောက်ခက်လဲဆိုတာကို ကလေးထိန်းဖူးသူတိုင်းနားလည်သဘောပေါက်ကြပေလိမ့်မည်။ကလေးတွေဟာ ပုံမှန်အားဖြင့် မိခင်တို့ကသာ ထိန်းသည့်အချိန်ပိုများသော်လည်း မိခင်တို့အပြင်သွားနေချိန်တွင် ဖခင်တို့က ကလေးထိန်းရန် တာဝန်ကျလာခဲ့ပြီဖြစ်ပါတယ်။

ထိုအခါတွင် မိခင်နှင့်အနေများသောကလေးတို့ဟာ မိခင်မဟုတ်လျှင် ချော့သိပ်လို့မရဘဲ အော်ငိုနေတတ်ကြပါတယ်။ယခုတွင်လည်း ဇနီးသည်အပြင်သွားနေစဥ် အလှည့်ကျရောက်လာသော ဖခင်ဖြစ်သူက ကလေးထိန်းပေးရာ၌ သားကလည်း မိခင်မဟုတ်သည့်အတွက် ဘယ်လိုမှအငိုတိတ်အောင် ချော့မရဘဲဖြစ်နေခဲ့ပါတယ်။

ထို့ကြောင့်ဖခင်ဖြစ်သူဟာ ဇနီးသည်၏အဝတ်အစားတွေဝတ်ပြီး ကလေး၏မိခင်ဟုထင်မှတ်အောင် ပြင်ဆင်ပြီးမှ အငိုတိတ်အောင်ကလေးထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment