မင်္ဂလာပွဲအခမ်းအနားကျင်းပရာနေရာသို့ သတိုးသားဖြစ်သူကို ခေါင်းတလားထဲထည့်ပြီး ခေါ်ဆောင်လာခဲ့တာကြောင့် အပြင်းအထန်ဝေဖန်ခံနေရသည့်အဖြစ်

ထူခြားစွာ ကျင်းပခဲ့သော မင်္ဂလာပွဲတစ်ခုကတော့ လူအများကြားတွင် ပြောစရာဖြစ်လာခဲ့ရပါတယ်။အကြောင်းကတော့ အများနှင့်မတူဘဲ ထူခြားစွာကျင်းပချင်သောကြောင့် သတိုးသားဖြစ်သူဟာ မင်္ဂလာပွဲအခမ်းအနားနေရာသို့ လာရောက်ရာတွင် ခေါင်းတလားထဲ အိပ်ပြီး ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

ထို့နောက်မှ သတိုးသားက ခေါင်းတလားထဲကထွက်လာခဲ့ပြီး မင်္ဂလာပွဲကို စတင်ကျင်းပရန် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ထို့သို့လာရောက်ခဲ့ပုံကို အွန်လိုင်းပေါ်ပျံနှံသွားခဲ့သောအခါ မင်္ဂလာပွဲလာသည့် ဧည့်သည်တွေကို မလေးစားသော လုပ်ရက်တစ်ခုသာဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။

အွန်းလိုင်းအသုံးပြုသူများကတော့ မင်္ဂလာပွဲကို လုံးဝလက်မခံနိုင်ဘဲ အမျိုးမျိုးဝေဖန်ပြစ်တင်နေခဲ့ကြတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment