တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsuပြည်နယ်Suqianမှ အသက်၆နှစ်အရွယ် သမီးလေး၏ ဝမ်းနည်းပြီး ငိုယိုနေပုံဟာ အတော်လေးသဘောကျရယ်မောဖွယ်ရာကောင်းလှပါတယ်။အကြောင်းကတော့ မိခင်ဖြစ်သူဟာ သူ၏သမီးလေးကို ဘာကြောင့် ဖခင်ဖြစ်သူနှင့် တစ်ပုံစံတည်းတူနေရတာလဲဟု မေးလိုက်တာဖြစ်ပါတယ်။
ထိုအခါ သူ့ကိုဖခင်ဖြစ်သူနှင့်တူနေသည့်အပြောခံလိုက်ရတာကြောင့် မျက်နှာဆူပုတ်ပြီး အော်ငိုတော့တာဖြစ်ပါတယ်။ငိုနေရသည့်အကြောင်းကို သေချာမေးကြည့်လိုက်ရာမှာတော့ သူ၏ဖခင်နှင့်တူလျှေင် ရုပ်မချောတော့ဘဲ ရုပ်ဆိုးတဲ့သူတစ်ယောက်မဖြစ်ချင်တာကြောင့် ဝမ်းနည်းပြီးငိုနေကြောင်းသိခဲ့ရပါတယ်။
အသက်ကြီးလာချိန်၌ ရည်းစားမရခဲ့လျှင်တော့ သူ၏ဖခင်ကို ရုပ်ဆိုးလို့ သမီးကရည်းစားမရတာဟု အပြစ်တင်နေမှာမြင်ယောင်မိပါသေးတယ်။
Shoon (Cele Daily)
Zawgyi
သမီးလေးက အဖေနဲ့တူတယ်ဟုအပြောခံလိုက်ရတာကြောင့် အဖေ့လိုရုပ်ဆိုးတဲ့လူမဖြစ်ချင်ဘူးဟုဆိုကာ အော်ငိုနေခဲ့သည့် သမီးလိမ္မာလေး
Shoon (Cele Daily)