ဘဝမှာမင်္ဂလာဝတ်စုံလေးကို တစ်ခါမှမဝတ်ဖူးခဲ့သော်လည်း ဓာတ်ပုံဆရာလူငယ်လေး၏ကျေးဇူးကြောင့် မင်္ဂလာဝတ်စုံလေးဖြင့် အမှတ်တရဓာတ်ပုံရိုက်နိုင်ခဲ့ပြီး ပျော်ရွင်နေခဲ့သည့် ဖိုးဖိုးနှင့်ဖွားဖွား

ဘဝ၏ဆင်းရဲလှသော ချစ်သူစုံတွဲများအတွက် မင်္ဂလာပွဲဆိုသည်နှင့် နှစ်ဦးသားအပြန်အလည်ကတိပေးပြီး အတူတူနေထိုင်ရန်သာ ကျင်းပနိုင်ကြပါတယ်။အများသူငှာကဲ့သို့ မင်္ဂလာပွဲကိုခမ်းနားစွာကျင်းပနိုင်ခြင်းမရှိဘဲ နားလည်မှုဖြင့်သာ အတူနေထိုင်ကြပါတယ်။

ယခုတွင်လည်း အသက်၈၅နှစ်အရွယ်ရှိနေပြီဖြစ်သော ဖိုးဖိုးနှင့်ဖွားဖွားတို့ဇနီးမောင်နှံနှစ်ဦးသည် မင်္ဂလာဆောင်ဝတ်စုံလေးပင် မဝတ်ဆင်ခဲ့ဖူးကြပေ။မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းသည့် ဇနီးမောင်နှံတိုင်း၏အိမ်မက်ဖြစ်သော်လည်း အဖိုးနှင့်အဖွားတို့အတွက် မျှော်လင့်စရာဖြစ်မလာခဲ့ပေ။

ထို့ကြောင့် အသက်၃၆နှစ်အရွယ် ဓာတ်ပုံဆရာလူငယ်လေးက အဖိုးနှင့်အဖွားတို့ကို မင်္ဂလာဝတ်စုံလေးဖြင့် အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ကူးပေးခဲ့ပြီး အိမ်မက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment