လမ်းမလျှောက်နိုင်သော်လည်း စက်ဘီးလေးကိုစီးပြီး ညအချိန်ထိ အိမ်မပြန်နိုင်ဘဲ လမ်းမပေါ်မှာ ထီလက်မှတ်လေးတွေ ရောင်းချနေရသည့် အသက်၈၃နှစ်အရွယ်အဖိုးအို

မည်မျှပင် ပင်ပန်းဆင်းရဲနေပါစေ တတ်နိုင်သာအားအင်လေးဖြင့် ကြိုးစားရုန်းကန်နေသူမျသည် အင်မတန်လေးစားအံ့သြဖွယ်ရာကောင်းနေခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၏ လမ်းမတွေပေါ်မှာ ညအချိန်ထိ အိမ်မပြန်နိုင်ဘဲ ထီလက်မှတ်လေးတွေကို ရောင်းချနေရသည့် အဖိုးအိုတစ်ဦးရှိပေသည်။

အဖိုးအိုသည် အသက်၈၃နှစ်အရွယ်ရှိပြီဖြစ်ကာ လမ်းမလျှောက်နိုင်သည့်အတွက် ဝှီးချဲလ်စက်ဘီးလေးဖြင့် လျှောက်သွားရင်း ထီလက်မှတ်လေးတွေ ရောင်းချနေရတာဖြစ်ပါတယ်။အဖိုးအို၏ဘဝအခြေအနေကို မေးမြန်းကြည့်သောအခါ နေအိမ်တွင် ကျန်းမာရေးမကောင်းသည့် သားတစ်ယောက်ကို ပြုစုလုပ်ကျွေးနိုင်ရန်အတွက် ကြိုးစားနေရခြင်းဖြစ်ကြောင်း ဖြေကြားနေသေးတာဖြစ်ပါတယ်။

လမ်းမလျှောက်နိုင်သည့်ကြားမှ သားဖြစ်သူကို ပြုစုပေးနေသည့် ဖခင်၏မေတ္တာသည် အံ့သြတုန်လှုပ်ဖွယ်ကောင်းလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment