ရှားပါးသောရောဂါတစ်ခုကို ခံစားနေရပြီး ခန္ဓာကိုယ်လှုပ်ရှားနိုင်ခြင်းမရှိသည့် သားနှင့်သမီးကို ပြုစုနေရတာကြောင့် ပိုက်ဆံမရှာနိုင်တော့ဘဲ ဒုက္ခရောက်နေသည့် ကတိထဆရာကြီး

မိဘများက သားသမီးတို့အပေါ်တွင် ထားရှိသော မေတ္တာတရားထက် ကြီးမားသောအရာဟူ၍လောကတွင်မရှိပေ။အသက်၆၃နှစ်အရွယ် Mr David Langသည် စင်္ကါပူနိုင်ငံ Bible College၏ ကထိကဆရာတစ်ဦးဖြစ်ပါတယ်။

ကထိကဆရာ၏ သားနှင့်သမီးတို့ဟာ လူတစ်သိန်းခွဲတွင် တစ်ယောက်ဖြစ်ရန်ခက်ခဲသော ထူးဆန်းတဲ့ရောဂါတစ်မျိုးကို ခံစားနေကြရတာဖြစ်ပါတယ်။ထို့ကြောင့် သားနှင့်သမီးက ခန္ဓာကိုယ်မလှုပ်ရှားနိုင်သည့်အတွက် အချိန်ပြည့်ဂရုစိုက်ပေးနေရသည့်အတွက် မိသားစု၏ဝင်ငွေအခက်အခဲကို ထိခိုက်လာခဲ့ပါတယ်။

ဆရာကြီးကိုယ်တိုင်ကလည်း ကျောင်းမသွားနိုင်ဘဲ နေ့ရောညပါ သားသမီးတို့ကို ဂရုစိုက်နေရပြီး အချို့စေတနာရှိသော လူများ၏ အလှူငွေများကို လက်ခံရရှိခဲ့တာကြောင့် ဆေးရုံစရိတ်ရရှိလာခဲ့သည်ဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment