အင်္ဂလိပ်စာဘာသာကို မည်သူ့ထံမှမသင်ကြားဘဲ ဆယ်လကြာအောင် ကိုယ်တိုင်လေ့လာပြီး ဧည့်လမ်းညွှန်အနေဖြင့် အလုပ်လုပ်နေခဲ့သည့် လေးစားဖွယ်ရာအမျိုးသမီး

နိုင်ငံခြားဘာသာတစ်ခုကို စနစ်တကျသင်ကြားခြင်းမရှိဘဲ တတ်မြောက်နိုင်ရန်မှာ သာမန်အားဖြင့် မဖြစ်နိုင်သော အရာတစ်ခုဟုဆိုနိုင်ပါတယ်။သို့သော်လည်း ဗီယက်နမ်နိုင်ငံသူ မစ္စH’Mongကတော့ မဖြစ်နိုင်သော အရာတစ်ခုကို ဖြစ်အောင်လုပ်ပြသွားခဲ့ခြင်းဖြစ်ပါတယ်။

အင်္ဂလိပ်စာကို ကိုယ်တိုင်ကြိုးစားလေ့လာခဲ့ပြီး ဆယ်လအကြာတွင် နိုင်ငံခြားသားတစ်ယောက်လို လေယူလေသိမ်းကအစ ပြောဆိုနိုင်သည်အထိပင်ကျွမ်းကျင်လာခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ဧည့်လမ်းညွှန်အနေဖြင့် အလုပ်လုပ်ကိုင်နေခဲ့ပြီး နိုင်ငံခြားခရီးသွားတွေကို နိုင်ငံအနှံခရီးသွားရာတွင် အဆင်ပြေအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

လပေါင်းများစွာကြာအောင် ကိုယ်တိုင်လေ့လာသင်ယူနိုင်ခဲ့သော ကြိုးစားအားထုတ်မှုသည် လေးစားဖွယ်ရာကောင်းလွန်းလှပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment