ကားမောင်းနေရင်း တံတားပေါ်မှာဓာတ်ဆီကုန်သွားလို့ ကားကိုလမ်းလယ်မှာထားခဲ့ပြီး ဓာတ်ဆီသွားဝယ်နေခဲ့ရာ အခြားသူများက ကားပိုင်ရှင်ကို ရေထဲခုန်ချသည်ဟုထင်ကာ လိုက်ရှာနေကြသည့်အဖြစ်

ယခုအဖြစ်အပျက်လေးကတော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Vinh Tuyမြစ်ကူးတံတားပေါ်တွင် ဖြစ်ပျက်ခဲ့သော ငိုအားထက်ရယ်အားသန် အဖြစ်အပျက်ကလေးဖြစ်ပါတယ်။Mercedes C300ကားပိုင်ရှင်ကောင်မလေးဟာ ကားမောင်းနေရင်း တံတားပေါ်အရောက်တွင် ဆီကုန်သွားခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့် ကားကို လမ်းမအလယ်တွင် ဒီအတိုင်းထားခဲ့ပြီး ဆီသွားဝယ်ခဲ့တာဖြစ်ပါတယ်။ထိုအခါ ကားသည်ပိုင်ရှင်မရှိဘဲ လမ်းမပေါ်တွင် ရပ်ထားသည့်အတွက် အခြားလမ်းသွားလမ်းလာလူများက ပိုင်ရှင်ကို တံတားပေါ်မှ ခုန်ချသွားခဲ့သည်ဟု ထင်မှတ်နေခဲ့ကြပါတော့တယ်။

လူပေါင်းရာချီနေသော လူအုပ်ကြီးသည် ကားပိုင်ရှင်ကို ပြန်လည်ရှာတွေ့မလားဆိုသည့် မျှော်လင့်ချက်လေးဖြင့် လိုက်ရှာနေကြတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ကားေမာင္းေနရင္း တံတားေပၚမွာဓာတ္ဆီကုန္သြားလို႔ ကားကိုလမ္းလယ္မွာထားခဲ့ၿပီး ဓာတ္ဆီသြားဝယ္ေနခဲ့ရာ အျခားသူမ်ားက ကားပိုင္ရွင္ကို ေရထဲခုန္ခ်သည္ဟုထင္ကာ လိုက္ရွာေနၾကသည့္အျဖစ္

ယခုအျဖစ္အပ်က္ေလးကေတာ့ ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕ရွိ Vinh Tuyျမစ္ကူးတံတားေပၚတြင္ ျဖစ္ပ်က္ခဲ့ေသာ ငိုအားထက္ရယ္အားသန္ အျဖစ္အပ်က္ကေလးျဖစ္ပါတယ္။Mercedes C300ကားပိုင္ရွင္ေကာင္မေလးဟာ ကားေမာင္းေနရင္း တံတားေပၚအေရာက္တြင္ ဆီကုန္သြားခဲ့ျခင္းျဖစ္ပါတယ္။

ထို႔ေၾကာင့္ ကားကို လမ္းမအလယ္တြင္ ဒီအတိုင္းထားခဲ့ၿပီး ဆီသြားဝယ္ခဲ့တာျဖစ္ပါတယ္။ထိုအခါ ကားသည္ပိုင္ရွင္မရွိဘဲ လမ္းမေပၚတြင္ ရပ္ထားသည့္အတြက္ အျခားလမ္းသြားလမ္းလာလူမ်ားက ပိုင္ရွင္ကို တံတားေပၚမွ ခုန္ခ်သြားခဲ့သည္ဟု ထင္မွတ္ေနခဲ့ၾကပါေတာ့တယ္။

လူေပါင္းရာခ်ီေနေသာ လူအုပ္ႀကီးသည္ ကားပိုင္ရွင္ကို ျပန္လည္ရွာေတြ႕မလားဆိုသည့္ ေမွ်ာ္လင့္ခ်က္ေလးျဖင့္ လိုက္ရွာေနၾကတာျဖစ္ပါတယ္။

Shoon (Cele Daily)

  • Leave a Comment