သမီးလေးက မင်္ဂလာဆောင်တော့မှာဖြစ်တာကြောင့် တစ်ညလုံးမအိပ်ဘဲ ဧည့်သည်တွေကျွေးမွေးရန်ပြင်ဆင်ထားသည့် စားပွဲခုံပေါ်တွင် ထိုင်ပြီး ဝမ်းနည်းနေခဲ့သည့် ဖခင်

မိဘတို့သည် မိမိတို့၏သားသမီးတို့ကို မည်မျှပင် အသက်အရွယ်ကြီးပြင်းလာခဲ့ပါစေ သူတို့၏မျက်စိထဲတွင် ကလေးတစ်ယောက်အဖြစ်သာ မြင်နေကြဆဲဖြစ်ပါတယ်။ထို့ကြောင့် သားသမီးတို့ မင်္ဂလာဆောင်ပြီး ဘဝတစ်ခုကို တည်ဆောက်ချိန်တွင် မိဘတို့က စိတ်မချခြင်းများစွာဖြင့် စိတ်မကောင်းဖြစ်နေကြရပါတယ်။

ယခုတွင်လည်း သမီးလေးက မင်္ဂလာဆောင်တော့မှာဖြစ်တာကြောင့် တစ်ညလုံးမအိပ်နိုင်ဘဲ ဝမ်းနည်းပူဆွေးနေသည့် ဖခင်၏အဖြစ်ဟာ လူတိုင်းအတွက် စိတ်မကောင်းဖြစ်နေရပါတယ်။

သမီးလေး၏ မင်္ဂလာပွဲအတွက် နေအိမ်တွင် အခမ်းအနားလေးကို ပြင်ဆင်ထားပြီးဖြစ်သော်လည်း မင်္ဂလာဆောင်ပြီး မိသားစုကိုစွန့်ခွာသွားတော့မည့်သမီးလေးကြောင့် ဖခင်ဖြစ်သူဟာ မခံမရပ်နိုင်အောင် ဝမ်းနည်းနေခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment