လူတိုင်းသည် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိရန်အတွက် လူမှန်းသိတတ်စအရွယ်မှ အသက်ကြီးလာသည့်အချိန်ထိ ပညာသင်ပေးဆပ်လာခဲ့ရတာဖြစ်ပါတယ်။သို့သော် ဘွဲ့ရရှိထားသော လူတိုင်းကတော့ အလုပ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားနိုင်ခြင်းရှိခဲ့ကြသည်မဟုတ်ပေ။
ယခုတွင်လည်း Bridget Thapwile Sokoဆိုသည့်ကောင်မလေးသည် ၂၀၁၈ ခုနှစ်တွင် Exploits Universityမှ စီးပွားရေး စီမံခန့်ခွဲမှု ဒေါက်တာဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။ဒေါက်တာဘွဲ့အထိရရှိခဲ့သော်လည်း အလုပ်လက်မဲ့ဘဝဖြင့်သာ အချိန်ကုန်နေပြီး အလုပ်ရှာမရတာကြောင့် ဘွဲ့လက်မှတ်ကို မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ပါတယ်။
ထို့ကြောင့် တက္ကသိုလ်မှလည်း ကျောင်း၏ဂုဏ်သိက္ခာကို ညိုးနွမ်းစေသည်ဟုဆိုကာ ဒေါက်တာဘွဲ့ကို ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ဒေါက်တာဘွဲ့ကို ရရှိထားခဲ့သော်လည်း အလုပ်ရှာလို့မရတာကြောင့် ဘွဲ့လက်မှတ်ကို ဖျက်ဆီးခဲ့သည့် ကောင်မလေး
Shoon (Cele Daily)