ဘဝဆိုသောအရာဟာ အမှန်တကယ်တမ်းတော့ ကြမ်းတမ်းခက်ထန်မှုတွေကို တိုက်ပွဲဝင်ကျော်ဖြတ်ပြီး အောင်မြင်မှုပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ရမှာဖြစ်ပါတယ်။အချို့သောသူများအတွက် ဘဝတိုက်ပွဲကိုဆင်နွဲရာတွင် လက်နက်မစုံဘဲ ချို့တဲ့စွာဖြင့် ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ယခုတွင်လည်း ပစ္စည်းပို့သူတစ်ဦး၏ နေပူထဲတွင် အလုပ်လုပ်နေရင်း ချွေးသုပ်နေသည့်မြင်ကွင်းလေးဟာ လူတိုင်းကို စာနာသနားမိစေခဲ့ပါတယ်။ပစ္စည်းပို့သူအနေဖြင့် အလုပ်လုပ်ကိုင်နေသော အမျိုးသားသည် လက်တစ်ဖက်တည်းသာရှိသော်လည်း ဆိုင်ကယ်မောင်းပြီး ပစ္စည်းပို့နေရှာသည်။
ပင်ပန်း၍ ချွေးများကျလာချိန်တွင် လက်တစ်ဖက်က ဆိုင်ကယ်မောင်းနေရသဖြင့် ချို့တဲ့နေသော လက်ကလေးဖြင့်သာ ချွေးလေးသုပ်ရင်း ကြိုးစားနေရတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ချို့ယွင်းနေတဲ့ လက်ကလေးဖြင့် နဖူးပေါ်က ကျလာသည့် ချွေးစက်လေးတွေကိုသုတ်ရင်း ပစ္စည်းပို့သူအနေဖြင့် ဘဝအတွက်တိုက်ပွဲဝင်နေရသည့် အမျိုးသား
Shoon (Cele Daily)