ဇနီးဟောင်းဖြစ်သူ၏ ပျော်ရွင်စွာဖြင့် နောက်အိမ်ထောင်ပြုခဲ့သည့် မင်္ဂလာပွဲတွင် ကလေးထိန်းရင်း ဘေးကနေထိုင်ကြည့်ကာ လိုအပ်တာတွေကို ကူညီပေးနေခဲ့သည့် အမျိုးသား

မင်္ဂလာဆောင်အခမ်းအနားပွဲကြီးတွင် ရောက်လာကြသော ဧည့်သည်တော်များနှင့် သတိုးသားသတိုးသမီးတို့ဟာ ဧည့်ခံကျွေးမွေးရင်း မင်္ဂလာပွဲကို ပျော်ရွင်စွာဖြတ်သန်းနေခဲ့ရပါတယ်။ထိုအချိန်တွင် မင်္ဂလာဆောင်ခန်းမ၏ဘေးတွင် တစ်နှစ်ကျော်အရွယ်သားလေးကို ပွေ့ချီပြီး ညိုးနွမ်းနေသောမျက်နှာဖြင့် ထိုင်နေသူကို လူအချို့ကတော့ သတိထားမိခဲ့ပါတယ်။

ထိုအမျိုးသားဟာ သတိုးသမီး၏ခင်ပွန်းဟောင်းဖြစ်ပြီး ၅နှစ်ကြာပေါင်းသင်းလာခဲ့ကာ သားတစ်ဦးရှိနေတာဖြစ်ပါတယ်။တစ်ဦးနှင့်တစ်ဦးလမ်းခွဲခဲ့ပြီးဖြစ်ပေမယ့် အမျိုးသားဟာ ဇနီးဟောင်းလေး၏မင်္ဂလာပွဲကို သတိုးသမီး၏သားလေးနှင့်အတူ ရောက်လာခဲ့ပြီး လိုအပ်တာတွေကူညီပေးခဲ့တာဖြစ်ပါတယ်။

သားလေးကိုပွေ့ချီရင်း မင်္ဂလာပွဲကို လာရောက်ဂုဏ်ပြုခဲ့သည့်အမျိုးသား၏ရင်ထဲတွင် အတော်လေးခံစားနေရမှာသေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment