မွေးရာပါခြေထောက်အောက်ပိုင်းများမသန်စွမ်းခြင်းကြောင့် ဒူးထောက်ကာလမ်းလျှောက်နေရပြီး နွားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည့်အမျိုးသား

ဘဝတွင် ခန္ဓာကိုယ်တစ်ခုလုံးက ကျန်းမာသန်စွမ်းစွာဖြင့်မွေးဖွားလာခဲ့လျှင် လောကအတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်။အချို့သော လူသားများသည် မွေးရာပါမသန်စွမ်းမှုတွေကြောင့် ဘဝကိုခက်ခဲပင်ပန်းစွာဖြင့် အသက်ရှင်သန်နိုင်ရန် ရုန်းကန်နေကြရတာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ Chau Thanhခရိုင် Dong Khoiတွင်နေထိုင်သော မစ္စတာ Anh Tuan သည် မွေးကတည်းကပင် ခြေထောက်နှစ်ဖက်လုံး မသန်စွမ်းသူဖြစ်ပါတယ်။သို့သော်လည်း သွားလာလှုပ်ရှားနိုင်ရန်အတွက် ဒူးနှစ်ဖက်ကိုအသုံးပြုပြီး ခက်ခဲပင်ပန်းစွာဖြင့်သွားလာနေရသူဖြစ်ပါတယ်။

နေအိမ်၌ပင် နွားမွေးမြူထားပြီး ကြိုးစားကာအလုပ်လုပ်နေရတာဖြစ်ပါတယ်။သူ၏ခြေထောက်တွေဟာ မသန်စွမ်းသော်လည်း ခြေချောင်း၆ ချောင်းအထိပါရှိနေတာကို အံ့သြဖွယ်တွေ့ခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment