ယနေ့အချိန်ထိ လူအများကတော့ တက်တူးထိုးခြင်းကို အနုပညာတစ်ခုဟု လက်မခံနိုင်ကြသေးပေ။လူငယ်အများစုကတော့ တက်တူးများကို အနုပညာတစ်ခုအနေဖြင့်သာ လက်ခံနိုင်ကြပြီး ခန္ဓာကိုယ်ပေါ်က လှပသောပန်းချီကားတစ်ချပ်ဟုသာ ခံယူနေကြတာဖြစ်ပါတယ်။
ယခုတွင်လည်း စင်္ကါပူနိုင်ငံမှ အသက်၁၉နှစ်အရွယ်သာရှိသေးသောလူငယ်လေးဟာ သူ၏တက်တူးပညာကို ပြသနိုင်ရန်အတွက် အမျိုးသမီး၂ဦးကို အခမဲ့ထိုးပေးခဲ့တာဖြစ်ပါတယ်။ထိုအခါမှ လူငယ်လေး၏ ကာတွန်းဇာတ်ကောင် Animeရုပ်ပုံတွေဟာ အသက်ဝင်ပြီး လှပလွန်းတာကြောင့် လူငယ်များအကြားတွင် ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။
Animeရုပ်လေးတွေကို သဘောကျနှစ်သက်သူများဟာ ကောင်လေးထံတွင် တက်တူးထိုးနိုင်ရန်အတွက် စုံစမ်းပြောဆိုမှုတွေဟာ အလွန်များပြားလာခဲ့တယ်ဟု သိရပါတယ်။
Shoon (Cele Daily)
Zawgyi
ကာတွန်းဇာတ်ကောင် Animeရုပ်လေးတွေကို တက်တူးထိုးပေးရာမှ အသက်ဝင်လှသော အလှတရားတို့ကြောင့် နာမည်ကြီးလာသည့် အသက်၁၉နှစ်အရွယ်လူငယ်လေး
Shoon (Cele Daily)