ဆင်းရဲလွန်းတာကြောင့်အချို့ရက်များတွင် စားစရာပင်မရှိသော်လည်း အတန်းထဲတွင် ပထမဆုသာရရှိခဲ့ပြီး တက္ကသိုလ်ရောက်ချိန်တွင်လည်း ကိုယ်တိုင်အလုပ်လုပ်ပြီးကျောင်းတက်နေသည့် ကောင်မလေး

ဗီယက်နမ်နိုင်ငံ Ben Treပြည်နယ် Mo Cay Bacခရိုင် Tan Thanh Binhရွာတွင်နေထိုင်သော Nguyen Thi Thuy Diemဆိုသည့်ကောင်မလေး၏ ဘဝဆင်းရဲပုံဟာ အလွန်သနားဖွယ်ရာကောင်းလှပါတယ်။

ကောင်မလေး၏မိခင်နှင့်ဖခင်တို့ဟာ အလုပ်အတည်တကျမရှိသည့်အတွက် ကြုံရာအလုပ်လေးဖြင့် ဝင်ငွေကိုမလောက်ငှသော်လည်း ကြိုးစားရပ်တည်နေရသည်။ကောင်မလေးက ဘဝဆင်းရဲသော်လည်း စာသင်ကျောင်းတွင် နှစ်တိုင်းပထမဆုကိုရရှိအောင် ထူးချွန်ထက်မြက်လှသူဖြစ်ပါတယ်။

ထို့နောက် စာကြိုးစားပြီး ဟိုချီးမင်းမြို့တွင် တက္ကသိုလ်တက်ခွင့်ရချိန်မှာလည်း အိမ်ကထောက်ပံ့ပေးနိုင်ခြင်းမရှိတာကြောင့် ကော်ဖီဆိုင်တစ်ခုတွင် အချိန်ပိုင်းအလုပ်လုပ်ပြီးဝင်ငွေရှာရင်း ပညာသင်ကြားနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ဆင္းရဲလြန္းတာေၾကာင့္အခ်ိဳ႕ရက္မ်ားတြင္ စားစရာပင္မရွိေသာ္လည္း အတန္းထဲတြင္ ပထမဆုသာရရွိခဲ့ၿပီး တကၠသိုလ္ေရာက္ခ်ိန္တြင္လည္း ကိုယ္တိုင္အလုပ္လုပ္ၿပီးေက်ာင္းတက္ေနသည့္ ေကာင္မေလး

ဗီယက္နမ္ႏိုင္ငံ Ben Treျပည္နယ္ Mo Cay Bacခ႐ိုင္ Tan Thanh Binh႐ြာတြင္ေနထိုင္ေသာ Nguyen Thi Thuy Diemဆိုသည့္ေကာင္မေလး၏ ဘဝဆင္းရဲပုံဟာ အလြန္သနားဖြယ္ရာေကာင္းလွပါတယ္။

ေကာင္မေလး၏မိခင္ႏွင့္ဖခင္တို႔ဟာ အလုပ္အတည္တက်မရွိသည့္အတြက္ ႀကဳံရာအလုပ္ေလးျဖင့္ ဝင္ေငြကိုမေလာက္ငွေသာ္လည္း ႀကိဳးစားရပ္တည္ေနရသည္။ေကာင္မေလးက ဘဝဆင္းရဲေသာ္လည္း စာသင္ေက်ာင္းတြင္ ႏွစ္တိုင္းပထမဆုကိုရရွိေအာင္ ထူးခြၽန္ထက္ျမက္လွသူျဖစ္ပါတယ္။

ထို႔ေနာက္ စာႀကိဳးစားၿပီး ဟိုခ်ီးမင္းၿမိဳ႕တြင္ တကၠသိုလ္တက္ခြင့္ရခ်ိန္မွာလည္း အိမ္ကေထာက္ပံ့ေပးႏိုင္ျခင္းမရွိတာေၾကာင့္ ေကာ္ဖီဆိုင္တစ္ခုတြင္ အခ်ိန္ပိုင္းအလုပ္လုပ္ၿပီးဝင္ေငြရွာရင္း ပညာသင္ၾကားေနခဲ့တာျဖစ္ပါတယ္။

Shoon (Cele Daily)

  • Leave a Comment