သားသမီး၉ယောက်အထိရှိနေသော်လည်း ပြုစုလုပ်ကျွေးမည့်သူမရှိတာကြောင့် လမ်းဘေးတွင်ဈေးရောင်းနေရသည့်အပြင် အသက်၅၀အရွယ် အငယ်ဆုံးသားကိုပင် ပြုစုနေရသည့် ၉၂နှစ်အရွယ်အမေအို

ဗီယက်နမ်နိုင်ငံ Binh Chanhခရိုင် Tan Quy Tayတွင်နေထိုင်သော အသက်၉၂နှစ်အရွယ် Luu Thi Thaသည် အသက်အရွယ်အိုမင်းနေပြီဖြစ်သော်လည်း လမ်းဘေးတွင်အသီးအနှံလေးတွေရောင်းချပြီး ပိုက်ဆံရှာနေရဆဲဖြစ်ပါတယ်။

သားသမီး၉ယောက်အထိ မွေးထားခဲ့သော်လည်း ကိုယ်ပိုင်မိသားစုများဖြင့် အမေအိုမိခင်ကို ဂရုစိုက်ရန် သတိမရကြပေ။အငယ်ဆုံးသားဖြစ်သူက အသက်၅၀အရွယ်ရှိနေပြီး ကလေးတစ်ယောက်လိုသာ မိခင်၏လုပ်စာကိုထိုင်စားနေဆဲဟုသိရပါတယ်။

ထို့ကြောင့်အဖွားအိုဟာ အရင်က ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့ပြီး အငြိမ်းစားယူသည့်အချိန်မှစကာ လမ်းဘေးတွင်အသီးအနှံလေးရောင်းချနေရဆဲပင်ဖြစ်ပါတယ်။သားသမီးတို့၏ ကျေးဇူးမသိတတ်မှုကြောင့် အမေအိုဟာ လမ်းဘေးတွင် ခက်ခဲပင်ပန်းစွာဖြင့် ဝင်ငွေရှာဖွေနေရဆဲပင်ဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment