လက်နှစ်ဖက်မရှိသည့် မသန်စွမ်းကလေးကို ငယ်စဥ်တည်းကမွေးစားခဲ့ပြီး အရွယ်ရောက်လာချိန်မှာလည်း သာလေး၏ချစ်သူနှင့်လက်ထပ်ပေးပြီး ချွေးမကိုပါ ကျွေးမွေးစောင့်ရှောက်ထားသည့် အမျိုးသား

အသက်၆၆နှစ်အရွယ်ရှိနေပြီဖြစ်သော ဦးလေးကြီး Lam Kim Hung သည် ခေါက်ဆွဲဆိုင်လေးဖွင့်ထားပြီး ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းလာခဲ့သူဖြစ်ပါတယ်။မွေးစားသား သုံးယောက်ရှိပြီး အငယ်ဆုံးသားလေးဟာ လက်နှစ်ဖက်ချို့ယွင်းနေသည့် မသန်စွမ်းသူတစ်ဦးဖြစ်ပါတယ်။

ထို့နောက် အငယ်ဆုံးသားလေးကအသက်၂၉နှစ်အရွယ်ရောက်လာချိန်တွင် ချစ်သူကောင်မလေးတစ်ယောက်နှင့် လက်ထပ်ချင်ခဲ့ပါတယ်။သို့သော်ကောင်မလေး၏မိဘများက မသန်းစွမ်းသည့်ကောင်လေးနှင့်သဘောမတူသောအခါ ဦးလေးကြီးကပဲ ကောင်မလေး၏မိဘတွေကို အစစအရာရာတာဝန်ယူမည်ဖြစ်ကြောင်း ကတိပေးပြီး လက်ထပ်ပေးခဲ့ပါတယ်။

ထို့ကြောင့်လက်ထပ်ပြီးချိန်တွင် ချွေးမလေးကိုသာ ဆိုင်တွင်ခေါ်ထားခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ပေးထားခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment