ငွေကြေးမပြည့်စုံသေးဘဲ အလုပ်များကို ရိုးသားစွာဖြင့် ကြိုးစားနေသူများသည် စေတနာကောင်းလှသော လုပ်ငန်းရှင်သူဋ္ဌေးများနှင့် တွေ့ဆုံနိုင်မှသာ လုပ်ငန်းခွင်တွင် ပျော်ရွင်ချမ်းမြေ့နေမှာဖြစ်ပါတယ်။
ယခုတွင်လည်း စင်္ကါပူနိုင်ငံမှ အိမ်ရှင်သူဋ္ဌေးများ၏ အလုပ်သမားကောင်မလေးကို စေတနာထားချစ်ခင်ပုံသည် လုပ်ငန်းရှင်တိုင်းအတွက် အတုယူစရာတစ်ခုဖြစ်ပါတယ်။အိမ်အကူကောင်မလေးဟာ အိမ်အလုပ်တွေကို လိုလေသေးမရှိအောင်လုပ်ကိုင်ပြီး ယုံကြည်စိတ်ချရသူဖြစ်ပါတယ်။
သို့သော်လည်း ဖုန်းလေးတစ်လုံးပင် ဝယ်မကိုင်နိုင်သေးသည့် အတွက်ကြောင့် အိမ်ရှင်ဖြစ်သူက သူမ၏မွေးနေ့လေးတွင် ဖုန်းအသစ်တစ်လုံးဖြင့် ပျော်ရွင်အောင်ပြုလုပ်ပေးခဲ့ပါတယ်။ထို့အပြင်မွေးနေ့ကိတ်၊ဆူရှီနှင့်အခြားစားစရာများကိုလည်း ဝယ်ပေးခဲ့သေးတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ဖုန်းဝယ်မကိုင်နိုင်သော အိမ်အကူကောင်မလေးကို မွေးနေ့ကိတ်လေးနှင့်အတူ ဖုန်းအသစ်တစ်လုံးကို ဝယ်ယူပေးခဲ့ပြီး ပျော်ရွင်စေခဲ့သည့် အိမ်ရှင်သူဋ္ဌေး
Shoon (Cele Daily)