ဆိုင်ဖွင့်စဥ်ကတည်းက အလုပ်လုပ်လာခဲ့သော ဆိုင်ဝန်ထမ်းအမျိုးသားကို ဒေါ်လာ၁သန်းတန်သော ဆိုင်၏ရှယ်ယာတစ်ဝက်အား ဆုချခဲ့သည့် လုပ်ငန်းရှင်သူဋ္ဌေးကြီး

စင်္ကါပူနိုင်ငံမှ Mr Lim Soon Hock ဆိုသည့် လုပ်ငန်ရှင်းသူဋ္ဌေးကြီးသည် Kelantan Laneတွင် ဆိုင်ကယ်ပြုပြင်ရေးနှင့် အပိုပစ္စည်းအရောင်းဆိုင်ကို အသက်၂၁နှစ်အရွယ်တည်းက စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ကိုယ်တိုင်းကြိုးစားမှုတို့ဖြင့် အောင်မြင်လာခဲ့ပြီး များစွာသောဝန်ထမ်းများဖြင့် နေရာတစ်ခုရရှိလာခဲ့ခြင်းဖြစ်ပါတယ်။ထို့နောက်အသက်၅၉နှစ်အရွယ်သို့ ရောက်လာချိန်တွင် အလုပ်မှအနားယူရန်အတွက် ဆိုင်၏ရှယ်ယာတစ်ဝက်ကို သားဖြစ်သူအား အမွေပေးခဲ့ခြင်းဖြစ်ပါတယ်။

ကျန်ရှိနေသည့် တစ်ဝက်ကိုတော့ ဆိုင်တွင် နှစ်ရှည်လများ သစ္စာရှိစွာအလုပ်လုပ်ကိုင်ခဲ့သော ဝန်ထမ်းအမျိုးသားကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ထိုရှယ်ယာ၏တန်ဖိုးဟာ စင်္ကါပူဒေါ်လာငွေ တစ်သန်းအထိကို တန်ကြေးရှိနေခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ဆိုင္ဖြင့္စဥ္ကတည္းက အလုပ္လုပ္လာခဲ့ေသာ ဆိုင္ဝန္ထမ္းအမ်ိဳးသားကို ေဒၚလာ၁သန္းတန္ေသာ ဆိုင္၏ရွယ္ယာတစ္ဝက္အား ဆုခ်ခဲ့သည့္ လုပ္ငန္းရွင္သူေ႒းႀကီး

စကၤါပူႏိုင္ငံမွ Mr Lim Soon Hock ဆိုသည့္ လုပ္ငန္ရွင္းသူေ႒းႀကီးသည္ Kelantan Laneတြင္ ဆိုင္ကယ္ျပဳျပင္ေရးႏွင့္ အပိုပစၥည္းအေရာင္းဆိုင္ကို အသက္၂၁ႏွစ္အ႐ြယ္တည္းက စတင္ဖြင့္လွစ္ခဲ့ပါတယ္။

ကိုယ္တိုင္းႀကိဳးစားမႈတို႔ျဖင့္ ေအာင္ျမင္လာခဲ့ၿပီး မ်ားစြာေသာဝန္ထမ္းမ်ားျဖင့္ ေနရာတစ္ခုရရွိလာခဲ့ျခင္းျဖစ္ပါတယ္။ထို႔ေနာက္အသက္၅၉ႏွစ္အ႐ြယ္သို႔ ေရာက္လာခ်ိန္တြင္ အလုပ္မွအနားယူရန္အတြက္ ဆိုင္၏ရွယ္ယာတစ္ဝက္ကို သားျဖစ္သူအား အေမြေပးခဲ့ျခင္းျဖစ္ပါတယ္။

က်န္ရွိေနသည့္ တစ္ဝက္ကိုေတာ့ ဆိုင္တြင္ ႏွစ္ရွည္လမ်ား သစၥာရွိစြာအလုပ္လုပ္ကိုင္ခဲ့ေသာ ဝန္ထမ္းအမ်ိဳးသားကို ေပးအပ္ခဲ့တာျဖစ္ပါတယ္။ထိုရွယ္ယာ၏တန္ဖိုးဟာ စကၤါပူေဒၚလာေငြ တစ္သန္းအထိကို တန္ေၾကးရွိေနခဲ့ျခင္းျဖစ္ပါတယ္။

Shoon (Cele Daily)

  • Leave a Comment