မိန်းမဆီက ခိုးထားသည့်ပိုက်ဆံလေးကို အရုပ်ထဲတွင်ဖွက်ထားခဲ့ရာမှ သမီးလေးကဆော့ကစားရင်း အရုပ်ကြီးက ကျကွဲသွားပြီး မိန်းမကမိသွားလို့ သံဗူးပေါ်ဒူးထောက်ပြီးအပြစ်ပေးခံနေရသည့် အမျိုးသား

အာရှတို့၏ဓလေ့ထုံးစံအရဆိုလျှင် အိမ်ထောင်ရှင်အမျိုးသားက ရှာဖွေရသမျှကို ဇနီးဖြစ်သူထံအပ်နှံရတာဖြစ်ပါတယ်။ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူရှာဖွေနိုင်သည့် ငွေကြေးပေါ်မူတည်ပြီး မိသားစုအတွက် ခြွေတာသုံးစွဲနိုင်ရမှာဖြစ်ပါတယ်။

ယခုအခါမှာတော့ တရုတ်နိုင်ငံ Jilinပြည်နယ် Changchunတွင်နေထိုင်သောအမျိုးသားဟာ ရှာဖွေထားသည့်ပိုက်ဆံတွေအားလုံးကို အကုန်မအပ်ဘဲ ဇနီးမသိအောင် ခိုးသုံးနိုင်ရန် အရုပ်လေးထဲတွင် စုဆောင်းထားခဲ့တာဖြစိပါတယ်။သို့သော်လည်း တစ်နေ့မှာတော့ ကံဆိုးစွာဖြင့် သမီးလေးက အရုပ်ကိုယူဆော့ရာမှာ ကျကွဲသွားခဲ့တာဖြစ်ပါတယ်။

ထိုအခါမှ ခိုးဖွက်ထားသည့်ပိုက်ဆံတွေကို ဇနီးသည်ကတွေ့သွားခဲ့ချိန်မှာတော့ သံဗူးပေါ်တွင် ဒူးထောက်ပြီး အပြစ်ပေးခံနေရတော့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment