မကြာသေးမီက ဂျပန်နိုင်ငံမှ မိခင်တစ်ဦးဟာ နေအိမ်တွင်မွေးထားသော ကြောင်ကလေးနှင့် သမီးတို့၏ အဖြစ်အပျက်လေးကို ဝေမျှလာခဲ့ခြင်းဖြစ်ပါတယ်။သမီးငယ်လေးဟာ ကျောင်းကပေးလိုက်သော အိမ်စာများကို စာကြည့်စားပွဲတွင် စာထိုင်လုပ်နေခဲ့ပါတယ်။
ထို့နောက်တွင်စာများကို နားမလည်တော့ဘဲ စဥ်းစားရင်းခေါင်းကိုက်လာသောအခါ အော်ဟစ်ပြီး ငိုချလိုက်တော့တာဖြစ်ပါတယ်။ထို့နောက် ကြောင်ကလေးက သခင်မလေး၏အော်သံကိုကြားလိုက်ရသည်နှင့် အပြေးလေးရောက်လာခဲ့ပြီး နှစ်သိမ့်အားပေးနေခဲ့တော့တာဖြစ်ပါတယ်။
တိရိစ္ဆာန်ကြောင်လေးက သခင်ဖြစ်သူ၏ဝမ်းနည်းငိုကျွေးသံကို ကြားလိုက်ရသည်နှင့် အပြေးလေးနှစ်သိမ့်ပေးနေပုံဟာ လူတိုင်းအတွက်ကြည်နူးစရာဖြစ်နေခဲ့ပုံဟာ ထွေးနွေးလှသောမေတ္တာတရားကို ပေါ်လွင်စေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
အိမ်စာတွေထိုင်လုပ်နေရင်းက နားမလည်တော့လို့ ဝမ်းနည်းပြီး အော်ငိုနေခဲ့သည့် သခင်မလေးကို ရင်ခွင်ထဲဝင်ပြီး နှစ်သိမ့်အားပေးနေခဲ့သည့် ကြောင်မလေး
Shoon (Cele Daily)