ပြိုင်ကားလေးနှင့် ချစ်သူနှစ်ယောက် လျှောက်လည်ကြရင်း ယာဥ်တိုက်မှုဖြစ်သောအခါ ကောင်လေးကတစ်ယောက်တည်းထွက်ပြေးသွားခဲ့လို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည့် ကောင်မလေး

မကြာသေးမီက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Le Quang Daoလမ်းတွင် တန်ဖိုးကြီးလှသော လန်ဘော်ဂီနီကားကြီးဖြင့် ဆိုင်ကယ်တစ်စီးတို့ မတော်တဆတိုက်မိခဲ့ခြင်းဖြစ်ပါတယ်။မနက်၃နာရီအချိန်လောက်တွင် ယာဥ်တိုက်မှုဖြစ်ခဲ့ပြီး ယာဥ်မောင်းသူကောင်လေးဟာ အသက်၂၄နှစ်အရွယ်သာရှိသေးပြီး ကားတိုက်မိသည်နှင့် ကောင်မလေးကို ထားခဲ့ပြီး တစ်ဦးတည်းထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။

ကောင်မလေးကိုတော့ ကားထဲ၌သာ ထားရစ်ခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ကောင်မလေးဟာ တိုက်မိထားသော ကားနှင့်အတူ ဘာလုပ်လို့လုပ်ရမှန်းမသိအောင်ဖြစ်နေခဲ့ရပါတယ်။ကားကလည်း ကောင်မလေး၏ကားလေးသာဖြစ်ပြီး သူမ၏ဖခင်က မကြာသေးမီက ဝယ်ယူပေးထားတာဟုသိရပါတယ်။

ချစ်သူကောင်လေး၏ လုပ်ရက်ကတော့ လောကတွင် ရွံ့စရာကောင်းလှသည်ဟု ဆိုရမှာဖြစ်ပါတယ်။

Shoon (Cele Daily)

ၿပိဳင္ကားေလးႏွင့္ ခ်စ္သူႏွစ္ေယာက္ ေလွ်ာက္လည္ၾကရင္း ယာဥ္တိုက္မႈျဖစ္ေသာအခါ ေကာင္ေလးကတစ္ေယာက္တည္းထြက္ေျပးသြားခဲ့လို႔ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနသည့္ ေကာင္မေလး

မၾကာေသးမီက ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕ Le Quang Daoလမ္းတြင္ တန္ဖိုးႀကီးလွေသာ လန္ေဘာ္ဂီနီကားႀကီးျဖင့္ ဆိုင္ကယ္တစ္စီးတို႔ မေတာ္တဆတိုက္မိခဲ့ျခင္းျဖစ္ပါတယ္။မနက္၃နာရီအခ်ိန္ေလာက္တြင္ ယာဥ္တိုက္မႈျဖစ္ခဲ့ၿပီး ယာဥ္ေမာင္းသူေကာင္ေလးဟာ အသက္၂၄ႏွစ္အ႐ြယ္သာရွိေသးၿပီး ကားတိုက္မိသည္ႏွင့္ ေကာင္မေလးကို ထားခဲ့ၿပီး တစ္ဦးတည္းထြက္ေျပးသြားခဲ့ေၾကာင္းသိရပါတယ္။

ေကာင္မေလးကိုေတာ့ ကားထဲ၌သာ ထားရစ္ခဲ့တာျဖစ္ပါတယ္။ထို႔ေၾကာင့္ ေကာင္မေလးဟာ တိုက္မိထားေသာ ကားႏွင့္အတူ ဘာလုပ္လို႔လုပ္ရမွန္းမသိေအာင္ျဖစ္ေနခဲ့ရပါတယ္။ကားကလည္း ေကာင္မေလး၏ကားေလးသာျဖစ္ၿပီး သူမ၏ဖခင္က မၾကာေသးမီက ဝယ္ယူေပးထားတာဟုသိရပါတယ္။

ခ်စ္သူေကာင္ေလး၏ လုပ္ရက္ကေတာ့ ေလာကတြင္ ႐ြံ႕စရာေကာင္းလွသည္ဟု ဆိုရမွာျဖစ္ပါတယ္။

Shoon (Cele Daily)

  • Leave a Comment