ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသော်လည်း ဘဝကိုအရှုံးမပေးဘဲ ဆရာဝန်ဘွဲ့ရအောင်ကြိုးစားခဲ့ပြီးနောက် ဝါသနာပါသည့် မော်ဒယ်အလုပ်ကိုလုပ်ကိုင်နေခဲ့သည့် ကောင်မလေး

သာမာန်လူတစ်ယောက်အတွက်တော့ ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရခြင်းသည် ဘဝကိုရှင်လျက်နှင့် သေဆုံးသွားရသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။သို့သော် ဗီယက်နမ်နိုင်ငံမှ Be Thi Bang ဆိုသည့်ကောင်မလေးကတော့ ဘဝကိုအဆုံးမပေးဘဲ အောင်မြင်ကျော်ကြားအောင် ကြိုးစားနိုင်ခဲ့ပါတယ်။

လွန်ခဲ့သောဆယ်နှစ်ခန့်က မတော်တဆ ယာဥ်တိုက်မှုဖြစ်သွားခဲ့ပြီး ညာဘက်ခြေထောက်ကို ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ထို့နောက် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါခံစားခဲ့ရပြီးနောက် ဘဝကိုအရှုံးမပေးချင်သောစိတ်ဖြင့် ပြန်လည်ရှင်သန်လာခြင်းဖြစ်ပါတယ်။

ဆရာဝန်ဘွဲ့ကိုရရှိအောင် ကြိုးစားခဲ့ပြီးနောက်တွင် ဝါသနာပါသည့် မော်ဒယ်အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ပြီး အောင်မြင်သောဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

Shoon (Cele Daily)





Shoon (Cele Daily)

  • Leave a Comment