ကျောင်းသားများက အပြိုင်အဆိုင်ဖြင့် စာကြိုးစားချင်စိတ်ဖြစ်ပေါ်လာစေရန် ဆုရရှိသူများကို ဝက်သားတစ်ယောက်တစ်တွဲစီ ဆုချခဲ့သည့် ထူးထူးဆန်းဆန်း စာသင်ကျောင်း

အရင်ဦးစွာ တစ်ဦးတစ်ယောက်တည်း၏အမြင်ကို ဆုံးဖြတ်ရလျှင် အခြားသောဆုတံဆိပ်များထက် အသားကိုဆုချခြင်းဟာ ပိုပြီးမက်မောစရာတစ်ခုဟု မြင်မိပါတယ်။အကြောင်းကတော့ ကျောင်းသားကလေးများသည် ပထမဆုခဲ့လျှင် ဝက်သားဟင်းဖြင့် ထမင်းစားရမည်ဆိုသော အတွေးဖြင့် စာတွေအပြိုင်အဆိုင်ကြိုးစားတော့မှာသေချာပါတယ်။

တရုတ်နိုင်ငံ Sichuani Luzhouတွင် ထူးချွန်သော ကျောင်းသားကျောင်းသူများကို အသားတစ်ယောက်တစ်တွဲစီ ဆုချခဲ့တာဖြစ်ပါတယ်။ထိုသို့ဆုချခဲ့သည်မှာ သုံးနှစ်အထိရှိလာခဲ့ပြီဖြစ်ကာ အသားဆုချခြင်းကို နှစ်စဥ်ပေးအပ်နိုင်ရန် မျှော်မှန်းထားသည်ဟု သိရပါတယ်။

ကမ္ဘာပေါ်မှာ မည်သူမှ မလုပ်သေးသည့် နည်းလမ်းဖြင့် ဆုချပုံလေးဟာ လူတိုင်းအတွက် အထူးအဆန်းဖြစ်ကာ စိတ်ဝင်စားနေခဲ့ကြပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment