ဇနီးသည်လေးကို ခရီးထွက်ရန်အတွက် လိုက်ပို့ပေးချင်လို့ အသက်၉၅နှစ်မှ ကားမောင်းလာသင်ခဲ့သည့် အဖိုးအို

နှလုံးသားလေးကို နွေးထွေးသွားစေမည့် ဇာတ်လမ်းတစ်ပုဒ်ဟုဆိုရမှာဖြစ်ပါတယ်။တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင်နေထိုင်သော အဖိုးအိုသည် အသက်၉၅နှစ်အရွယ်ရောက်ရှိချိန်မှ ကားမောင်းသင်ပြီး ယာဥ်မောင်းလိုင်စင်ဖြေဆိုရန်ကြိုးစားခဲ့ပါတယ်။

အသက်အရွယ်ကြီးရင့်လာချိန်မှ ကားမောင်းသင်ရသည့်အကြောင်းအရင်းကို မေးမြန်းကြည့်လိုက်ရာတွင် သူ၏ဇနီးသည်လေးကို ခရီးတွေကိုယ်တိုင်လိုက်ပို့ပေးချင်လို့ဟု ဆိုခဲ့တာဖြစ်ပါတယ်။အဖိုးအိုဟာ အသက်အရွယ်ကြောင့် မှတ်ညဏ်တွေအားနည်းလာပြီဖြစ်သော်လည်း ယာဥ်မောင်းသင်တန်းတွင် အလွယ်တကူတက်မြောက်နေခဲ့တာဖြစ်ပါတယ်။

ဖြေဆိုရမည့် ယာဥ်မောင်းလိုင်စင် စာမေးပွဲ၃ဆင့်အတွက်လည်း ပထမအဆင့်ကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်နိုင်ခဲ့ပြီဟု သိရပါတယ်။ချစ်ရသည့်ဇနီးသည်လေးအတွက် ကြိုးစားပေးနေပုံဟာ အလွန်ကြည်နူးဖွယ်ကောင်းနေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi

ဇနီးသည္ေလးကို ခရီးထြက္ရန္အတြက္ လိုက္ပို႔ေပးခ်င္လို႔ အသက္၉၅ႏွစ္မွ ကားေမာင္းလာသင္ခဲ့သည့္ အဖိုးအို

ႏွလုံးသားေလးကို ေႏြးေထြးသြားေစမည့္ ဇာတ္လမ္းတစ္ပုဒ္ဟုဆိုရမွာျဖစ္ပါတယ္။တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕တြင္ေနထိုင္ေသာ အဖိုးအိုသည္ အသက္၉၅ႏွစ္အ႐ြယ္ေရာက္ရွိခ်ိန္မွ ကားေမာင္းသင္ၿပီး ယာဥ္ေမာင္းလိုင္စင္ေျဖဆိုရန္ႀကိဳးစားခဲ့ပါတယ္။

အသက္အ႐ြယ္ႀကီးရင့္လာခ်ိန္မွ ကားေမာင္းသင္ရသည့္အေၾကာင္းအရင္းကို ေမးျမန္းၾကည့္လိုက္ရာတြင္ သူ၏ဇနီးသည္ေလးကို ခရီးေတြကိုယ္တိုင္လိုက္ပို႔ေပးခ်င္လို႔ဟု ဆိုခဲ့တာျဖစ္ပါတယ္။အဖိုးအိုဟာ အသက္အ႐ြယ္ေၾကာင့္ မွတ္ညဏ္ေတြအားနည္းလာၿပီျဖစ္ေသာ္လည္း ယာဥ္ေမာင္းသင္တန္းတြင္ အလြယ္တကူတက္ေျမာက္ေနခဲ့တာျဖစ္ပါတယ္။

ေျဖဆိုရမည့္ ယာဥ္ေမာင္းလိုင္စင္ စာေမးပြဲ၃ဆင့္အတြက္လည္း ပထမအဆင့္ကို အမွတ္ေကာင္းေကာင္းျဖင့္ ေအာင္ျမင္ႏိုင္ခဲ့ၿပီဟု သိရပါတယ္။ခ်စ္ရသည့္ဇနီးသည္ေလးအတြက္ ႀကိဳးစားေပးေနပုံဟာ အလြန္ၾကည္ႏူးဖြယ္ေကာင္းေနခဲ့ပါတယ္။

Shoon (Cele Daily)

  • Leave a Comment