ဘွဲ့ရပြီး အလုပ်လုပ်ခဲ့သော်လည်း အသုံးစရိတ်အတွက် မလောက်တာကြောင့် လမ်းဘေးတွင်အကင်ရောင်းပြီး စီးပွားရှာနေခဲ့သည့် အမျိုးသား

မိမိတို့အာရှနိုင်ငံတိုင်းသည် အောက်ခြေခံလူတန်းစားများ နေထိုင်ရာဒေသတစ်ခုဖြစ်တာကြောင့် ပညာကိုကြိုးစားသင်ယူပြီး ဘဝတိုးတက်ရေးအတွက် ရှာဖွေကြပါတယ်။သို့သော်လည်း ဘွဲ့လက်မှတ်ဖြင့်ရရှိသောအလုပ်များသည် စားဝတ်နေရေးအတွက် ပြေလည်စေရန်ခက်ခဲလှပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံ ဘူရီရမ်တွင်နေထိုင်သော အသက်၃၀အရွယ် Mr.Akaradej. Permsri ဆိုသည့်အမျိုးသားသည် ဘွဲ့ရအောင်ကြိုးစားခဲ့ပြီးနောက် ဘွဲ့လက်မှတ်လေးကိုအသုံးချကာ ကုန်စုံဆိုင်တစ်ခုတွင် စာရင်းကိုင်အနေဖြင့်အလုပ်ဝင်ခဲ့ပါတယ်။

ရရှိလာသည့်လစာငွေက တစ်ယောက်တည်းသုံးတာတောင် မလောက်သည့်အခါမှာတော့ အလုပ်မှထွက်ခဲ့ပြီး လမ်းဘေးတွင် အသားကင်ရောင်းရန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။လမ်းဘေးတွင်အကင်ရောင်းချခဲ့ရာမှ စားဝတ်နေရေးအတွက် အဆင်ပြေလာခဲ့သည်ဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment