သူငယ်ချင်းထံမှ ကမ္ဘာ့စျေးအကြီးဆုံးပြိုင်ကားကိုငှားယူပြီး ကောင်မလေးနှင့်သွားလည်ခဲ့ရာ ကားမတော်တဆဖြစ်သွားခဲ့ပြီး ပြန်လျှော်ပေးရန် ငွေကြေးမတတ်နိုင်တာကြောင့် ဝမ်းနည်းနေသည့် လူငယ်လေး

လူငယ်တို့သည် ငွေကြေးနှင့်ဂုဏ်ဒြပ်တို့ကို အချစ်ရေးတွင် အရေးကြီးသောအရာတစ်ခုဟု ထင်မှတ်နေတတ်ကြသည်။ထို့ကြောင့်လည်း ကောင်မလေးတို့နှင့် သွားရောက်ချိန်းတွေ့ရာတွင် ဘော်ဒါသူငယ်ချင်းများ၏ အကောင်းဆုံးသော အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သုံးစွဲလေ့ရှိကြသည်မှာ လူငယ်တိုင်း၏အကျင့်တစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ လူငယ်လေးတစ်ဦးဟာလည်း သူငယ်ချင်းဖြစ်သူ၏ ကမ္ဘာပေါ်တွင် စျေးအကြီးဆုံးဖြစ်သော Farrariကားကြီးကို ကောင်မလေးနှင့်ချိန်းတွေ့ရာတွင် ငှားရမ်းယူဆောင်သွားခဲ့ပါတယ်။

farrariကားဟာ Limited Edition ဖြစ်သည့်အတွက် ယွမ်၂သန်းကျော်တန်ကြေးရှိတာဖြစ်ပါတယ်။လူငယ်လေးဟာ ငှားရမ်းပြီး ကောင်မလေးနှင့်သွားလည်စဥ် ကားမတော်တဆဖြစ်ပြီး အနည်းငယ်ပျက်စီးသွားခဲ့ပါတယ်။ထိုအခါမှ တန်ဖိုးကြီးလှသော ကားအတွက် ပြန်လာလျှော်ကြေးပေးရန် မတတ်နိုင်တာကြောင့် ဝမ်းနည်းနေခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi

သူငယ်ချင်းထံမှ ကမ္ဘာ့ဈေးအကြီးဆုံးပြိုင်ကားကိုငှားယူပြီး ကောင်မလေးနှင့်သွားလည်ခဲ့ရာ ကားမတော်တဆဖြစ်သွားခဲ့ပြီး ပြန်လျှော်ပေးရန် ငွေကြေးမတတ်နိုင်တာကြောင့် ဝမ်းနည်းနေသည့် လူငယ်လေး


တရုတ်နိုင်ငံမှ လူငယ်လေးတစ်ဦးဟာလည်း သူငယ်ချင်းဖြစ်သူ၏ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဖြစ်သော Farrariကားကြီးကို ကောင်မလေးနှင့်ချိန်းတွေ့ရာတွင် ငှားရမ်းယူဆောင်သွားခဲ့ပါတယ်။


Shoon (Cele Daily)

  • Leave a Comment