ဘယ်သူအကူအညီမှမယူဘဲ သားနှစ်ယောက်ကို အရွယ်ရောက်အောင် ပျိုးထောင်ပေးခဲ့ပြီးချိန်တွင် မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုတော့မည်ဆိုသောအခါ မင်္ဂလာပွဲတွင် ကိုယ်တိုင်ဓာတ်ပုံရိုက်ပေးခဲ့သည့် သားလိမ္မာလေး

မိခင်တစ်ဦးတည်းဖြင့် ပြီးပြည့်စုံသောအိမ်ထောင်ရေးတစ်ခုကို တည်ဆောက်နိုင်ရန်မှာ အလွန်ခက်ခဲလှတာဖြစ်ပါတယ်။သားသမီးတို့၏ စားဝတ်နေရေးအနာဂတ်နှင့်အခြားသော ကိစ္စများအတွက် မိခင်တစ်ယောက်တည်း ထမ်းရွက်ထားရန်သည် သာမန်လူအတွက် မဖြစ်နိုင်သော ဆင်းရဲတွင်းတစ်ခုသာဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဗီယက်နမ်မှ မိခင်တစ်ဦးက ခင်ပွန်းဖြစ်သူမရှိတော့ချိန်တွင် ငယ်ရွယ်သေးသောသားနှစ်ယောက်အတွက် မည်သူ၏အကူအညီမှမယူဘဲ အရွယ်ရောက်အောင် ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်ပါတယ်။

သားနှစ်ယောက် အရွယ်ရောက်လာချိန်မှ နောက်အိမ်ထောင်ပြုရန်အတွက် သားနှစ်ယောက်နှင့်ဆွေးနွေးကြည့်ရာ သားဖြစ်သူကသဘောသူခဲ့ပြီး မင်္ဂလာဆောင်တွင် အမှတ်တရဓာတ်ပုံများကို ကိုယ်တိုင်ရိုက်ကူးပေးခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment