ဖခင်ဖြစ်သူက အိမ်စာတွေကိုသာ အချိန်ပြည့်လုပ်ခိုင်းနေတာကြောင့် ခဏလောက်နားခွင့်ပေးရန်အတွက် ငိုယိုပြီးတောင်းပန်နေရှာသည့် သမီးငယ်လေး

သာယာသောလှပသောအနာဂတ်တစ်ခုကို ရရှိစေရန်အတွက် လူငယ်တိုင်းသည် ပညာများကိုကြိုးစားသင်ယူနိုင်ရမှာဖြစ်ပါတယ်။ထို့ကြောင့် မိဘများသည် သားသမီးတို့ကို ပညာတတ်ဖြစ်လာစေရန်အတွက် ငယ်စဥ်တည်းကပင် စာကြိုးစားရန်အတွက် ဖိအားပေးစေခိုင်းတတ်ကြပါတယ်။

မိဘတို့က အနာဂတ်အတွက် ပညာသင်ပေးသည်မှန်သော်လည်း စေခိုင်းပုံမှားယွင်းနေခဲ့လျှင် သားသမီးတို့ဟာ ညဏ်ရည်ပျက်စီးပြီး ဖိအားများကိုသာ ရရှိစေနိုင်ပုတယ်။ယခုတွင်လည်း တရုတ်နိုင်ငံမှ ဖခင်တစ်ဦးသည် သမီးလေးကို ထူးချွန်ထက်မြက်သူလေးဖြစ်စေချင်တာကြောင့် နေအိမ်တွင် တစ်နေကုန်စာလုပ်ခိုင်းခဲ့ပါတယ်။

ထို့ကြောင့် သမီးလေးက အချိန်ပြည့်စာလုပ်နေရသည့် ဖိအားနှင့် ပင်ပန်းမှုဒဏ်ကြောင့် အလွန်ဝမ်းနည်းကာ ငိုယိုပြီး ခဏလောက်အနားပေးရန်အတွက် တောင်းပန်နေရှာပါတယ်။

Shoon (Cele Daily)





Shoon (Cele Daily)

  • Leave a Comment