ကျောင်းသူဘဝလေးကို ပြန်လည်ခံစားချင်တာကြောင့် မိန်းကလေးတစ်ယောက်လိုဝတ်ဆင်ပြီး အထက်တန်းကျောင်းသူအနေဖြင့် ကျောင်းသွားတတ်ခဲ့သည့် အသက်၄၃နှစ်အရွယ်အမျိုးသား

ထိုင်ဝမ်နိုင်ငံမှ ထူးဆန်းပြီး ထိတ်လန့်စရာကောင်းလှသော အဖြစ်မပျက်တစ်ခုဟာ နိုင်ငံတိုင်းသို့ ပျံနှံလာခဲ့ပါတယ်။အကြောင်းကတော့ အသက်၄၃နှစ်အရွယ်အမျိုးသားတစ်ဦးဟာ မိန်းကလေးတစ်ယောက်လိုဟန်ဆောင်ပြီး အထက်တန်းကျောင်းသူအနေဖြင့် စာလာသင်နေခဲ့ခြင်းဖြစ်ပါတယ်။

ထိုအခါ ဆရာမက မူမမှန်သောပုံစံကြောင့် အခြေအနေကိုရိပ်မိသည်နှင့် ရဲစခန်းသို့ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။ထို့ကြောင့် လာရောက်ဖမ်းဆီးချိန်မှာတော့ အမျိုးသားဟာ ကျောင်းသူဘဝ၏အငွေ့အသက်တွေကို ပြန်လည်ခံစားချင်တာကြောင့် ယခုလိုပြုလုပ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အမျိုးသားဟာ ကျောင်းသားများအတွက် အနှောက်အယှက်ဖြစ်စေသော မလုပ်သင့်သည့်အမှားကို ကျူးလွန်ခဲ့တာကြောင့် ရက်၂၀လောက် အဖမ်းခံထားခဲ့ရတယ်လို့ သိရှိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment