ဇနီးဖြစ်သူသေဆုံးသွားသည်မှာ နှစ်တွေကြာလာသော်လည်း ဇနီး၏မွေးနေ့ရောက်တိုင်း အုတ်ဂူသို့ သားသမီးတွေခေါ်လာပြီး မွေးနေ့ပွဲလေးကို မပျက်မကွက်ကျင်းပပေးခဲ့သည့် ခင်ပွန်းသည်

တစ်ဦးနှင့်တစ်ဦးဝေးကွာသွားခဲ့သည့်အချိန်၌ သာမကဘဲ အကြောင်းအမျိုးမျိုးကြောင့် ဘဝချင်းခြားနားသွားချိန်၌ပင် အချစ်စစ်ဖြင့် သတိရနေခြင်းကို သစ္စာရှိခြင်းဟု ခေါ်တွင်ထိုက်ပေသည်။ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးကတော့ ဇနီးဖြစ်သူကို ဆုံးရှုံးသွားခဲ့ရသော်လည်း အချိန်တိုင်းသတိရကာ လွမ်းဆွတ်နေခဲ့သည်။

ကျန်ရှိနေခဲ့သည့် သားသမီးလေးယောက်ကို လိုလေသေးမရှိအောင် ပြုစုပျိုးထောင်ပေးနေသည့်အပြင် ဇနီးဖြစ်သူ၏ မွေးနေ့တိုင်ကို သားသမီးတို့နှင့်အတူလာရောက်လည်ပတ်လေ့ရှိခဲ့ပါတယ်။သတိရသည့်အချိန်တိုင်းတွင်လည်း အုတ်ဂူလေးဆီသို့ အပြေးလေးရောက်လာတတ်ပြီး လည်ပတ်လေ့ရှိပါတယ်။

နှစ်တွေကြာလာသည့်တိုင် အမျိုးသား၏ ချစ်ခြင်းမေတ္တာဟာပြောင်းလဲမသွားသော မေတ္တာတရားကို မြင်တွေ့ခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment